မြိတ် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ မြိတ်ခရိုင် အတွင်း မြို့နယ်များရှိ စံပြကျေးရွာများအတွက် မျိုးစပါး၊ မြေဩဇာ၊ မျိုးစေ့ချကိရိယာများနှင့် အကျိုးဆောင်ခြံရှင်များအား ကော်ဖီ၊ ကိုကိုးနှင့် ဥယျာဉ်ခြံ သီးနှံပျိုးပင်များ ပေးအပ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ် လေးမြို့ နယ်မှ စံပြကျေးရွာ လေးရွာရှိ အကျိုးဆောင်တောင်သူများအတွက် မျိုးစပါးတင်း ၁၂၀ဝ၊ ကွန်ပေါင်း မြေဩဇာအိတ် ၆ဝဝ၊ သဘာဝမြေဩဇာအိတ် ၁၂ဝဝ၊ မျိုးစေ့ချကိရိယာ အလက် ၉၀၊ နှစ်ရှည်သီးနှံစိုက် လေးမြို့နယ်မှ အကျိုးဆောင်ခြံရှင်များအတွက် နှစ်ရှည်သီးနှံ ကိုးမျိုး ပျိုးပင် ၉၉၀၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ယင်းနောက် ကမ်းနားလမ်းရှိ သဘာဝငှက်သိုက် အိမ်နှင့် ငှက်သိုက်ထုတ်ကုန်များ၊ မြိတ်ကျွန်းစု ပင်လယ် ကမ်းခြေများမှထွက်ရှိသည့် အော်ဂဲနစ်သဘာဝအုန်းသီးဖြင့် ကျန်းမာရေးအထောက်အကူပြုဓာတ်စာ အဖြစ် သောက်သုံးနိုင်သည့် အုန်းဆီထုတ်လုပ်သည့်စက်ရုံ နှင့် ကမ်းဇော်အစေ့မှ ကမ်းဇော်ဆီထုတ်လုပ် နေသည့် မေကမ်းဇော်ဆီစက်ရုံတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခိုင်ထူး(ပြန်/ဆက်)