
နေပြည်တော် ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့နယ် စပ်ပြဲကျေးရွာနှင့် လေးသွန်းခံ ကျေးရွာတို့ကို ဒီဇင်ဘာ ၂၈ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်လာ ပြီး ဒေသခံနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် မီးမရှို့ခင် နေအိမ်များအတွင်း ဝင်ရောက် မွှေနှောက်ပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားကြောင်းလူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ် မမှန်သတင်းများ လုပ်ကြံရေးသား နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များ နှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး အကြမ်းဖက် သောင်းကျန်းသူ များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် လောင်းလုံးမြို့နယ်တွင် တည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အကြမ်းဖက် သောင်းကျန်းသူ များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို တိုက်ခိုက်ရာတွင် လူနေအိမ် များအတွင်းမှ ချောင်းမြောင်း ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း တို့ဖြင့် ပြည်သူများကို လူသား တံတိုင်းအဖြစ် အကာအကွယ်ယူ၍ လုပ်ဆောင်ခြင်းနှင့် ဆုတ်ခွာ ထွက်ပြေးရာတွင်လည်း နေအိမ်များကိုမီးရှို့လျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် အတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံ ရေးသားဖြန့်ဝေခြင်းသာ ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်