
ထားဝယ် ဇူလိုင် ၃၁
တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုပိုးတွေ့လူနာများအားကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးရာ တွင် အောက်ဆီဂျင်အိုး လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ဒုတိယ အကြိမ် အောက်ဆီဂျင်အိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပြည်သူအများ ကျန်းမာမှ တိုင်းပြည်အေးချမ်း သာယာမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ဆရာ ဝန်ကြီးများ၊ ဆရာမကြီးများ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များ က ပြည်သူအများ၏ ကောင်းကျိုး ကိစ္စများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြည်သူလူထုများ အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အောက်ဆီဂျင်အိုးများ ပိုပြီး အားဖြည့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူးက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် ထောက်ပံ့ပေးနေမှု အခြေ အနေများအကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်သူ့ဆေးရုံ များအတွက် လီတာ ၄၀ ဝင် အောက်ဆီဂျင်အိုး အလုံး ၁၅၀ကို တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးသိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ဇေယျက စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ် ခုနစ်သိန်းခွဲကို ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသူဇာအား လည်းကောင်း ထောက်ပံ့ပေး အပ်သည်။
ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်အား တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးသိန်းက ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြား ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီက ထားဝယ် ပြည်သူ့ဆေးရုံအတွက် အောက်ဆီ ဂျင်အိုးများကို ပထမအကြိမ် တွင် အလုံး ၉၅၊ ယခုဒုတိယ အကြိမ် တွင် အလုံး ၁၅၀ စုစုပေါင်း ၂၄၅ လုံး လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)