တနင်္သာရီတိုင်းဒေသကြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ထားဝယ်   နိုဝင်ဘာ   ၂
ဂုဏ်ပြုယာဉ်များတွင်  ပြသဆောင်ရွက်မှုနှင့်  ပတ် သက်၍ တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကို ပြသနိုင် ရန်အတွက်     ဝိုင်းဝန်းပြီး   လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း၊   ပြခန်းများတွင်    တိုင်းအတွင်း ထင်ရှားသည့် နေရာများ၊ ဒေသထွက်ကုန်များ စုံလင် အောင်    ခင်းကျင်းပြသနိုင်ရန်အတွက်   အကြံပြု ဆွေးနွေးကြစေလိုကြောင်း ဌာနဆိုင်ရာများအနေဖြင့်  စိန်ရတုပြည်ထောင်စုနေ့အတွက် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပြီးဖြစ်သောကြောင့်  အခက်အခဲမရှိ  လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း  တနင်္သာရီ တိုင်း   တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမြတ်ကို က  ပြောကြားသည်။
(၇၅)  နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာတွင်   တနင်္သာရီတိုင်းဒေသကြီး    ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာန ဆိုင်ရာများက ဂုဏ်ပြုယာဉ်များတွင် ပြသထားရှိမည့် တိုင်းဒေသကြီး၏ တန်ခိုးကြီးထင်ရှားသော ဘုရား များ၊ ဒေသမှထွက်ရှိသော ရော်ဘာပင်များနှင့် ပစ္စည်း များ၊   အထင်ကရနေရာများနှင့်  ပြခန်းတွင်  ပြသ ရောင်းချမည့် ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    သတင်းစဉ်