
တနင်္သာရီ စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာ ရီမြို့နယ် သိန်းခွန်းကျေးရွာ အုပ်စု-ထုံခါရွာရှိ အကျဉ်းဦးစီး ဌာန ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင် စခန်း (ထုံခါ) ရွာရှိ လုပ်အားရှင် အကျဉ်းသား ၁၅၃ ဦးတို့အား (ဒုတိယ)အကြိမ် ကိုဗစ်ကာကွယ် ဆေးကို စခန်းတာဝန်ခံရုံးအတွင်း ယမန်နေ့က ထပ်မံထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ယင်းသို့ ဆင်ဖြူရှင်စခန်းမှ အကျဉ်းသားများအား ကာကွယ်ဆေးထိုးနှံပေးရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက် ထွန်းနှင့် ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း (ထုံခါ) မှ တာဝန်ခံဦးစီးအရာရှိ ဦးအောင်ဇေယျ တို့က အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကြိုတင်ညှိနှိုင်း၍ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက်က (ပထမ) အကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)