တနင်္သာရီကမ်းရိုးတန်းရှိ အမည်ရှိနှင့် အမည်မရှိကျွန်းများကို အမှတ်စဉ်သတ်မှတ်ရေးနှင့် အမည်ပေးရေး ဆောင်ရွက်မည်

 

ထားဝယ်    ဇန်နဝါရီ   ၂၈
တနင်္သာရီတိုင်းဒေသကြီး   တနင်္သာရီ ကမ်းရိုးတန်းဒေသမှ      အမည်ရှိနှင့် အမည်မရှိကျွန်းများကို       အမှတ်စဉ် သတ်မှတ်ရေးနှင့်       အမည်ပေးရေး လုပ်ငန်းကော်မတီ   အစည်းအဝေးကို  ထားဝယ်မြို့ရှိ    တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည်။
အစည်းအဝေးတွင်       လုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းက   တနင်္သာရီကမ်းရိုးတန်း ဒေသ၏ အမည်ရှိနှင့် အမည်မရှိကျွန်းများ ကို     အမှတ်စဉ်သတ်မှတ်ရေးနှင့်  အမည် ပေးရေးလုပ်ငန်းကော်မတီ အစည်းအဝေး သည်   ပထမဆုံးအကြိမ်    ပြုလုပ်သော အစည်းအဝေးဖြစ်ကြောင်း၊    တနင်္သာရီ ကမ်းရိုးတန်း        ဒေသတစ်လျှောက် ပင်လယ်ပြင်အတွင်းရှိ  ကျွန်းများအနက် တိုင်းဒေသကြီးအတွင်းရှိ   အမည်ရှိနှင့် အမည်မဲ့ကျွန်းများကို နိုင်ငံတကာစံနှုန်း များနှင့်အညီ အမှတ်စဉ်ရေးထိုးသတ်မှတ် ခြင်း၊   အမည်မဲ့ကျွန်းများကို       အမည် ပေးခြင်းလုပ်ငန်းများ   ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ   စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေး တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြ ခဲ့မှုအပေါ် ဗဟိုကော်မတီ၏ညွှန်ကြားချက် နှင့်အညီ  လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် တိုင်းဒေသ ကြီးလုပ်ငန်းကော်မတီကို လုပ်ငန်းတာဝန် (၇) ရပ်ချမှတ်ပြီး လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ကမ်းရိုးတန်းဒေသ   ပင်လယ်ပြင် အတွင်း၌    တည်ရှိသောကျွန်းများ၏ အရေအတွက်နှင့်          တည်နေရာများကို စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ထား ရှိခြင်းအားဖြင့်  နိုင်ငံတော်အချုပ်အခြာအာဏာပိုင်စိုးသည့် ပင်လယ်ပြင် ဧရိယာ နှင့်   ကမ်းရိုးတန်းဒေသကို   နိုင်ငံတကာ စံနှုန်းများနှင့်အညီ  ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ကာ  အငြင်းပွား မှုများကိုလည်း     ခိုင်မာစွာ      ရှင်းလင်း ခုခံ           ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသော  ကော်မတီဝင်များ၊ ဆက်စပ်ပတ်သက်သည့်  ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများအနေဖြင့်    နိုင်ငံတော် အတွက် အလွန်အရေးကြီးသည့် လုပ်ငန်း အဖြစ် ခံယူပြီး တက်ညီလက်ညီ ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌက   ပြောကြား သည်။
ထို့နောက်          လုပ်ငန်းကော်မတီ အတွင်းရေးမှူးက  အမည်ရှိနှင့် အမည် မရှိကျွန်းများကို    အမှတ်စဉ် သတ်မှတ်ရေး နှင့်   အမည်ပေးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို   ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက      လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး    ဆွေးနွေး တင်ပြချက်များအပေါ်တွင်     လုပ်ငန်း ကော်မတီဥက္ကဋ္ဌက   ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။  တိုင်းဒေသကြီး (ပြန်/ဆက်)