တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည်ညိုရန် လာရောက်သည့် ဘုရားဖူးယာဉ်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူတစ်ဦး သေဆုံး


 

နေပြည်တော် ဇွန်  ၇
မကွေးတိုင်းဒေသကြီး  ပခုက္ကူ မြို့နယ်   တန့်ကြည်တောင်ဘုရား အား        ဖူးမြော်ကြည်ညိုရန် လာရောက်သည့်  ဘုရားဖူးယာဉ် ကို  ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ က         ဘုရားကုန်းပေါ်သို့ တက်ရောက်သည့်       လမ်း၌ လက်နက်ငယ်များဖြင့်  အကြောင်း မဲ့ပစ်ခတ်သဖြင့်  ဘုရားဖူးပြည်သူ တစ်ဦး  သေဆုံးခဲ့ကြောင်း   သိရ သည်။
ဖြစ်စဉ်မှာ   တနင်္သာရီတိုင်း ဒေသကြီး  မြိတ်မြို့နယ် ရှော်တော မှော်ကျေးရွာတွင်            နေထိုင်သည့်
ဦးမြင့်သန်း (ဘ) ဦးစိန်   (၆၉)နှစ် သည်  မိသားစုဝင်ခြောက်ဦးနှင့်အတူ     ဧည့်လမ်းညွှန်တစ်ဦး   လိုက်ပါ၍   ယနေ့နံနက် ၇ နာရီ  မိနစ် ၄၀ ခန့် တွင်  ညောင်ဦးမြို့နယ်    တောင်ဘီ ကျေးရွာ   ဗူးဘုရား   စက်လှေဆိပ်မှ     စက်လှေဖြင့်  မကွေးတိုင်းဒေသ ကြီး   ပခုက္ကူမြို့နယ်ဘက်အခြမ်း ရှိ   တန့်ကြည်တောင်ဘုရားအား         ဖူးမြော်ကြည်ညိုရန်  သွားရောက် ခဲ့ကြောင်း၊            တန့်ကြည်တောင် ကျေးရွာဆိပ်ကမ်းသို့   ရောက်ရှိပြီး Hijet အမျိုးအစား မော်တော်ယာဉ် ဖြင့် ဘုရားကုန်းပေါ်သို့ ဆက်လက် ထွက်ခွာလာစဉ်   နံနက်  ၈  နာရီ ခွဲခန့်တွင်             ဘုရားကုန်းလမ်း တစ်ဝက်သို့အရောက်၌      PDF အမည်ခံအကြမ်းဖက်သမားများ က           လက်နက်ငယ်များဖြင့် အကြောင်းမဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊   ထိုသို့   ပစ်ခတ်မှုများ ကြောင့်          ဦးမြင့်သန်းတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့်  စက်လှေ၊ ပုဂံလူမှု  ကူညီရေးအသင်းမှ   မော်တော် ယာဉ်တို့ဖြင့်   ညောင်ဦးပြည်သူ့ ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့သော်လည်း  ရရှိဒဏ်ရာ ဖြင့်     နံနက်  ၁၀  နာရီခန့်တွင်        သေဆုံးသွားခဲ့ကြောင်း   သိရှိရ သည်။
PDF  အမည်ခံအကြမ်းဖက် သမားများ၏  ဆင်ခြင်တုံတရား ကင်းမဲ့စွာ ယခုကဲ့သို့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့်    စိတ်အေးချမ်း သာစွာ  ဘုရားဖူးလာရောက်သည့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ ရမှုနှင့်ပတ်သက်၍    ကျန်ရစ်သူ မိသားစုများနှင့်အတူ        ဒေသခံ ပြည်သူများအနေဖြင့်    ဝမ်းနည်း စိတ်မကောင်းမှုများ        ဖြစ်ပေါ် လျက်ရှိပြီးယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ   လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမား များအား  ဝိုင်းဝန်းကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့်         လုံခြုံရေး တပ်ဖွဲ့များအနေဖြင့်      နယ်မြေ လုံခြုံရေးလုပ်ငန်းများ   တိုးမြှင့်             ဆောင်ရွက်လျက်      ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်