တန်ဇန်းနီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦး ဒဏ်ရာရ

 

ဒိုဒိုမာ  ဧပြီ   ၂၅
တန်ဇန်းနီးယားနိုင်ငံ၌ ရုတ်တရက် ရေကြီးခြင်းကြောင့်   ၁၅၅   ဦး သေဆုံးပြီး ၂၃၆ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု  ဝန်ကြီးချုပ် ကက်စ်ဆင် မာဂျာလီဝါက  ဧပြီ  ၂၅  ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။ 
တန်ဇန်းနီးယားနိုင်ငံ  ဒေသ ကြီး ၂၆  ခုအနက်  ၁၄   ခုတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး  လူပေါင်း ၂၀၀၀၀၀       ရေကြီးမှုဒဏ် သက်ရောက်မှု     ခံစားခဲ့ရကာ နေအိမ်ပေါင်း ၁၀၀၀၀   ပျက်စီး ခဲ့ရသည်ဟု      ဝန်ကြီးချုပ်က  ပြောသည်။  
အခြေခံကျောင်း  အဆောက် အအုံများ၊  လယ်ယာများ၊ လမ်း တံတားများ၊       ကျန်းမာရေး အဆောက်အအုံများနှင့် မွေးမြူ ရေးလုပ်ငန်းများတွင်   ရေကြီးမှု ဒဏ်ခံစားခဲ့ရသည်ဟု   ၎င်းက ဆက်ပြောသည်။     နောက်ထပ် ဆိုးရွားသည့်     သဘာဝဘေး အန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ် ရန်ရည်ရွယ်၍ အစိုးရသည်  ရေကြီး မှုဖြစ်ပွားသည့်   ဒေသများတွင် စာသင်ကျောင်းများ ပိတ်ထားခြင်း အပါအဝင် အခြားသောကိစ္စများကို လုပ်ဆောင်လျက်ရှိသည်။ 
တန်ဇန်းနီးယား  အမျိုးသား လမ်းအေဂျင်စီ၊ တန်ဇန်းနီးယား ကျေးလက်နှင့် မြို့ပြလမ်းအေဂျင်စီ နှင့် တန်ဇန်းနီးယား    မီးရထား ကော်ပိုရေးရှင်းတို့ကိုလည်း လမ်း နှင့် ရထားလမ်းအပျက်အစီးများ ကို အကဲဖြတ်မှုများလုပ်ဆောင်ပြီး ချက်ချင်းပြင်ဆင်မှုများ ပြုလုပ်ရန်  ညွှန်ကြားထားကြောင်း   ၎င်းက ဆက်ပြောသည်။ 
အယ်နီညို   သက်ရောက်မှု ကြောင့်ဖြစ်ပေါ်ခဲ့သည့် မိုးသည်း ထန်စွာရွာသွန်းမှုသည်    မေလ တစ်လျှောက်   ဖြစ်ပွားမည်ဟု တန်ဇန်းနီးယား      မိုးလေဝသ အာဏာပိုင်များက   ခန့်မှန်းထား သည်။                        ဆင်ဟွာ