
ဒါအက်ဆလမ် နိုဝင်ဘာ ၂၉
တန်ဇန်းနီးယားနိုင်ငံ အလယ်ပိုင်း စင်ဂီဒါဒေသတွင် နိုဝင်ဘာ ၂၉ ရက် အစောပိုင်းက ဘတ်စ်ကားနှင့် ရထားတိုက်မှုဖြစ်ပွားပြီးနောက် ခရီး သည် ၁၃ ဦးထက်မနည်း သေဆုံးပြီး အခြား ၂၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်
ဒဏ်ရာရ ခရီးသည် ၂၅ ဦးအနက် အများစုမှာစိုးရိမ်ရသည့်အခြေအနေ တွင်ရှိသောကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင် ကြောင်း စင်ဂီဒါဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှူး စတဲလာ မူတာဟီဘီဝါက ပြောသည်။ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၅၇ ဦးပါပြီး စီးပွားရေး အချက်အချာကျသော ဒါအက်စ်ဆလမ်မြို့မှ မွမ်ဇာမြို့သို့ ဦးတည် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
ရထားလမ်းကို ဖြတ်မောင်းရန် ကြိုးပမ်းခဲ့ဖွယ်ရှိ
ဘတ်စ်ကားသည် ရထားလမ်းဖြတ်တစ်ခု၌ ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် ရထားစက်ခေါင်းနှင့် တိုက်မိခြင်းဖြစ်ကြောင်းနှင့် ဘတ်စ် ကား ယာဉ်မောင်းမှာ ရထားလမ်းကို ဖြတ်မောင်းရန် ကြိုးပမ်းခဲ့ဖွယ်ရှိ ကြောင်း မူတာဟီဘီဝါက ပြောသည်။
ဆင်ဟွာ