တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် ၁၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

 

ဒါအက်စ်ဆလမ်  ဖေဖော်ဝါရီ   ၄
တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်း     ကိုရော့ဝီခရိုင် တန်ဂါဒေသ၌   ထရပ်ကားတစ်စီးနှင့်   မီနီဘတ်စ် ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိခြင်းကြောင့်   ၁၇  ဦး   သေဆုံးပြီး   ၁၂  ဦး  ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြား သည်။ 
မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် ဒါအက်စ်ဆလမ်မှ ခီလီမန်ဂျရိုဒေသ မိုရှီသို့သွားသည့် နာရေးလိုက်ပို့သူ ၂၆ ဦးနှင့် ရုပ်အလောင်းတစ်ခုကို တင်ဆောင်လာသည့်   အဆိုပါ    မီနီဘတ်စ်ကားမှာ    ဖေဖော်ဝါရီ  ၃ ရက် ညပိုင်းက မတော်တဆမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း   တန်ဂါဒေသဆိုင်ရာ  ကော်မရှင်နာဖြစ်သူ အိုမာရိ မာဂွန်ဘာက ပြောကြားသည်။
ထရပ်ကားမောင်းနှင်သူမှာ    အခြားယာဉ်ကို ကျော်တက်ခြင်းကြောင့်         မီနီဘတ်စ်ကားနှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။                       ဆင်ဟွာ