
ဒါအက်စ်ဆလမ် နိုဝင်ဘာ ၇
နိုဝင်ဘာ ၆ ရက်က အရှေ့ အာဖရိကဒေသရှိ ဗစ်တိုးရီးယား ကန်ထဲသို့ တန်ဇန်းနီးယား ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ ၁၉ ဦး သေဆုံးကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက် အရ သိရသည်။
အဆိုပါ ပျက်ကျသည့် ခရီး သည်တင် လေယာဉ်သည် တန်ဇန်းနီးယားနိုင်ငံ၏ အကြီး ဆုံးမြို့တော်ဖြစ်သော ဒါအက်စ် ဆလမ်မှ ပျံသန်းထွက်ခွာလာပြီး နိုင်ငံအနောက်မြောက်ပိုင်း ဘူကို ဘာမြို့ ရေကန်ဘေးရှိ လေဆိပ် တစ်ခုသို့ ဆင်းသက်ရန် ကြိုးစား ရာမှ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တန်ဇန်းနီးယား ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း Precision Air က ပြောသည်။
လေယာဉ်ပေါ်၌ ခရီးသည် ၃၉ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦး ပါဝင်ပြီး ၂၄ ဦး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပုဂ္ဂလိက ပိုင်လေကြောင်းလိုင်း၏ ထုတ်ပြန် ချက်အရ သိရသည်။ လေယာဉ် ပျက်ကျရာနေရာမှ ရိုက်ကူးထား သော ဗီဒီယိုဖိုင်တစ်ခုတွင် လေယာဉ်သည် အလုံးစုံနစ်မြုပ်လုနီးပါးဖြစ်နေပြီး ရေပေါ်တွင် လေယာဉ် အမြီးသာလျှင် မြင်တွေ့ ရကာ လှေများဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို တွေ့ရသည်။
အာဏာပိုင်များက လေယာဉ် ပျက်ကျရခြင်း၏ အကြောင်းရင်း ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ