
တနိုင်း အောက်တိုဘာ ၃၀
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းများနှင့် အခြေခံပညာ မူလတန်းလွန် ကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာ သင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကပ်ဘေးမှ ကင်းဝေးစေ ရန်အတွက် ယနေ့နံနက် ၇ နာရီမှ စ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့ပေါ် ကျောင်းများတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များက ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဝင် များ၊ ဌာနပေါင်းစုံမှ ဝန်ထမ်းများ စုပေါင်း၍ ကျောင်းဝင်းအတွင်း ချုံနွယ်မြက်ပင်များ ရှင်းလင်း ခြင်း၊ အမှိုက်များ ရှင်းလင်း ခြင်းများ စုပေါင်းဆောင်ရွက် ကြသည်။
ထို့ပြင် ဆရာ ဆရာမများ နှင့် ပညာရေးဝန်ထမ်းများ က ကျောင်းစာသင်ခန်းများအား သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် စာသင်ခုံများကို စနစ်တကျ စီခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသန့်ရှင်းရေးပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး လာရောက်ကြည့်ရှုကာ ကျောင်း သန့်ရှင်းရေး ပြုလုပ်ရာတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေးနှင့် ကျောင်း၏ ဥပဓိရုပ် ကောင်းမွန်စေရေး အတွက် ပူးပေါင်းဆောင်ရွက်ကြ ခြင်းဖြစ်ကြောင်းနှင့် အခြား လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝါဝါ (ပြန်/ဆက်)