တင်းနစ်လောကသို့ ဇန်နဝါရီတွင် ရာဒူကာနူ ပြန်လာဖွယ်ရှိနေ

 

ဗြိတိန်တင်းနစ်မယ် အမ်မာရာဒူကာနူသည် ဇန်နဝါရီလတွင် အော့ ကလန်၌ ကျင်းပမည့် တင်းနစ်ပြိုင်ပွဲတွင် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ ၂၀၂၁ ယူအက်စ်အိုးပင်းချန်ပီယံ ရာဒူကာနူသည် ဧပြီလ နောက် ပိုင်းကတည်းက တင်းနစ်ကစားထားရခြင်း မရှိသေးကြောင်းနှင့် သုံးကြိမ်ခွဲစိတ်ကုသမှုခံယူပြီးနောက် ၎င်း၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် မှာလည်း ၂၉၆ အထိ ကျဆင်းသွားခဲ့သည်။ 


Auckland Classic တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်မှ ၇ ရက် အထိ ကျင်းပသွားမည် ဖြစ်သည်။ ရာဒူကာနူသည် ဧပြီလအတွင်းက စတုဂတ်၌   ကျင်းပသော   တင်းနစ်ပြိုင်ပွဲတွင်   အော့စတာပင်နာကို ကို ၆-၂၊ ၆-၁ ဖြင့် ရှုံးနိမ့်ထားသည်။                                  

အောင်ဇော်