
နေပြည်တော် ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မြို့နယ်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က နေအိမ် လေးလုံးအား မီးရှို့ပြီး အမျိုးသား ငါးဦးကို သတ်ဖြတ်ခဲ့မှုဖြစ်စဉ် နှင့် ပတ်သက်၍ သွားရောက် ထိန်းသိမ်း ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီတွင် တန့်ဆည် မြို့နယ် ရွာသာယာကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား (စိစစ်ဆဲ)မှ ကျေးရွာသို့လာရောက် ကာ လူအင်အားဖြင့် ရွာအား ပိတ်ဆို့၍ ကျေးရွာသူ/ကျေးရွာ သားများကို သတ်ဖြတ်ပြီး နေအိမ် များ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ ၏ အကြမ်းဖက်သတ်ဖြတ်ခဲ့မှု နှင့် မီးရှို့ဖျက်ဆီးခဲ့မှုတို့ကြောင့် အဆိုပါ ကျေးရွာရှိ နေအိမ် လေး လုံး မီးလောင်ကျွမ်းပျက်စီးနေပြီး အမျိုးသား တစ်ဦး (စိစစ်ဆဲ)မှာ မီးလောင် ဒဏ်ရာများဖြင့်လည်း ကောင်း၊ အမျိုးသား လေးဦး (စိစစ်ဆဲ)မှာ သေနတ်ထိမှန် ဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ကျေးရွာသူ/ကျေးရွာသားများမှာ အကြမ်းဖက် အဖွဲ့များ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ကျေးရွာ အတွင်းမှ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ကျေးရွာရှိ အခြေအနေကို ထိန်းသိမ်း ဆောင်ရွက်ပြီး အကြမ်းဖက် သမားများ၏ အကြောင်းမဲ့ ရန်ပြု တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသား တစ်ဦးကို ဆေးကုသမှု ခံယူနိုင်ရေးအတွက် ခေါ်ဆောင် ကာ အဆိုပါ ကျေးရွာမှ မော်တော် ယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာစဉ် မှန်ရင်းကျေးရွာအထွက် သို့အရောက်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အချို့တို့တွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်တွင် ကျဆုံး/ဒဏ်ရာ ရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များကို တန့်ဆည်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေး ကုသမှု ခံယူလျက်ရှိကြောင်း နှင့် ကျေးရွာနေပြည်သူများ ကို ရက်စက်စွာ သတ်ဖြတ်၍ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား မိုင်းဆွဲ တိုက်ခိုက်မှု ကျူးလွန်ခဲ့ သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီအရေးယူနိုင်ရေး နယ်မြေခံ တပ်မတော် စစ်ကြောင်းများ နှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။
သတင်းစဉ်