တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကား

 

နေပြည်တော်    နိုဝင်ဘာ    ၇


တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည်   မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ်  ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူး နေ့မြတ်ဖြစ်သည်။ 

 


 ယနေ့     ကျရောက်သည့် ၁၃၈၄   ခုနှစ်    တန်ဆောင်မုန်း လပြည့်နေ့တွင်     နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊    ပုထိုးများတွင်   ဘုရားဖူး လာရောက်ကြသူများ၊    ကုသိုလ် ကောင်းမှုပြုသူများ၊       ဥပုသ် သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 


နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄) ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို   အဆိုပါ   စေတီ တော်လိုဏ်တော်၌ ကျင်းပသည်။

 


အခမ်းအနားတွင်    နေပြည် တော်ကောင်စီဥက္ကဋ္ဌ    ဦးတင်ဦး လွင်၊ သာသနာရေးနှင့်  ယဉ်ကျေး မှု    ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးအေးထွန်း၊     နေပြည်တော် ကောင်စီဝင်များ      ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာ လင်း၊   ဦးမြင့်စိုး၊   နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်      ကျော်စိုးဦးနှင့် တာဝန်ရှိသူများက   စေတီတော် လိုဏ်တော်အတွင်းရှိ    ဗုဒ္ဓပဋိမာ ရုပ်ပွားဆင်းတုတော်များနှင့် စေတီ တော်     အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့် ဘုရားကြီး အား    တန်ဆောင်တိုင်    ရွှေကြာ သင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွား တော်များအား   မြသပိတ်တော် ဖြင့်  ဆွမ်း၊  သစ်သီး၊  ပန်းမန်နှင့် သောက်တော်ရေတို့ကို ဆက်ကပ် လှူဒါန်းကြသည်။

 


ထို့နောက် (၁၄၁)ကြိမ်မြောက် အသံမစဲ       မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်း အနားကို    စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံအတွင်း၌       ဆက်လက် ကျင်းပရာ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာ   အရှေ့ကျောင်းတိုက်  ပဓာနနာယက     အဘိဓဇ    အဂ္ဂ မဟာသဒ္ဓမ္မဇောတိက    ဘဒ္ဒန္တ ပဏ္ဍိတထံမှ ဒုတိယဝန်ကြီးနှင့်ဇနီး နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်  ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူဆောက် တည်ကြပြီး    ဆရာတော်သံဃာ တော်များ      ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြသည်။

 


ယင်းနောက်    ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာ တော်များအား ဒုတိယဝန်ကြီးနှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိ သူများက   လှူဖွယ်ဝတ္ထုပစ္စည်း များ   ဆက်ကပ်လှူဒါန်းကြပြီး     အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း    အမျှပေးဝေကြ သည်။

 


ဥပ္ပါတသန္တိ စေတီတော်မြတ် ကြီး၏    ပရိဝုဏ်အတွင်း   ရတနာ ဆင်ဖြူတော်    ထိန်းသိမ်းစောင့် ရှောက်ရေးဥယျာဉ်ရှိ       ရတနာ ဆင်ဖြူတော်    အဆောင်တွင် ဆင်စာကျွေးကြသူများ၊     နိဗ္ဗာန် ကုန်ဆိုင်များနှင့်     အမှတ်တရ ပစ္စည်း    အရောင်းဆိုင်များတွင် လည်း   ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 


ထို့ပြင် ညနေပိုင်းတွင် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး  စေတီ တော်ရင်ပြင်တွင်     ဘုရားရှင် အား    ရည်မှန်း၍   ဆီမီးပူဇော်ပွဲ ကျင်းပရာ     ဘုရားဖူးပြည်သူများ ဖြင့် စည်ကားလျက်ရှိသည့်အပြင် စေတီတော်မြတ်ကြီး     အနီးရှိ တပေါင်းကွင်း၌လည်း    မီးရှူး၊ မီးပန်းများ   ပစ်ဖောက်ရာ  အများ ပြည်သူများ လာရောက်ကြည့်ရှုကြ သူများဖြင့် စည်ကားလျက်ရှိသည်။

 


အလားတူ     နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ    ဗုဒ္ဓ ဂယာ   (နေပြည်တော်)၊    မဟာ သကျရံသီ ရပ်တော်မူရုပ်ရှင်တော် မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက် လှစေတီတော်၊ ရန်အောင်ချမ်းသာ ဘုရား၊    ဓါတုစယဓာတ်ပေါင်းစု စေတီတော်၊   ထာဝရငြိမ်းချမ်းရေး စေတီ၊ လှေခွင်းတောင်တန်ခိုးကြီး ဘုရား၊      ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်၊     သံသရာငြိမ်းအေး စေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်း ကြီးဘုရား၊       လောကရန်နှိမ် စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊     မြို့ပေါ် ရပ်ကွက်များရှိ    စေတီပုထိုးများ နှင့်   ကျောင်းကန်ဇရပ်များတွင် ဘာသာရေးဝတ် အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊    ဝန်ထမ်း မိသားစုများ၊ အနယ်နယ်အရပ်ရပ် မှ ဘုရားဖူးလာရောက်ကြသူများ သည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ တရားသဘင် များ   ကျင်းပခြင်း၊   ဆရာတော် သံဃာတော်များအား      ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန် စိမ်း လောင်းလှူခြင်း၊ စတုဒိသာ ကျွေးမွေး   လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်။

 


ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ        မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော် ယာဉ်များ၊     ဆိုင်ကယ်များဖြင့် ဘုံကထိန်များ   လှည့်လည်ခြင်း၊  နိဗ္ဗာန်ဈေးပွဲတော်များ   ကျင်းပ ခြင်း၊   Ocean  Super  Center၊  Juction    Center၊    Naypyitaw Wholesale တို့တွင် ဈေးလာဝယ် ကြသူများ၊    အမျိုးသားအထိမ်း အမှတ်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊    ငလိုက်ဆင် စခန်းနှင့်  မင်္ဂလာကန်တော်တွင် အပန်းဖြေ လာရောက်ကြသူများ ဖြင့် စည်ကားလျက်ရှိသည်။

 


ထို့အတူ နေပြည်တော်ရေပန်း ဥယျာဉ်အတွင်း    ကျင်းပလျက် ရှိသည့်    ညဈေးရောင်းပွဲတော် အတွင်း ဖျော်ဖြေရေးအစီအစဉ် များအဖြစ် နိုင်ငံကျော်တေးသံရှင် များက   DJ,  Music Band  များ နှင့်အတူ     ပရိသတ်အကြိုက် တေးသီချင်းများဖြင့်      ဖျော်ဖြေ တင်ဆက်ကြရာ      လာရောက် လည်ပတ်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။

 


ညပိုင်းတွင်လည်း     အဆိုပါ ဘုရားများ၌    ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့်   မီးရောင်စုံ    ထွန်းညှိ ပူဇော်ကြသူများ၊    မဲဇလီဖူးသုပ် ဒါနပြုကြသူများ၊ ပံ့သကူ လိုက်လံ ကောက်ကြသူများဖြင့်   စည်ကား လျက်ရှိသည်။

 


တန်ဆောင်မုန်း  လပြည့်နေ့ တွင်     ဘုရားဖူးလာရောက်ကြ သူများကို    ကိုဗစ်-၁၉    ရောဂါ ကာကွယ်ရေးအတွက်    ကျန်းမာ ရေး ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက နှာခေါင်းစည်း များ    ဖြန့်ဝေခြင်း၊   ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ဘုရားဖူးပြည်သူ များ  ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်   ဆောင်ရွက်ပေး ခြင်းနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ ကလည်း       ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင် ရန်    လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိကိုလည်း တွေ့ရသည်။


တက်သစ်စ၊ ဓာတ်ပုံ- ကိုကြီးထိန်