တန်ဆောင်မုန်းလပြည့်အဖိတ်နေ့တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာလာရောက်ကျွေးမွေးကြသူများဖြင့် စည်ကားများပြား

 

နေပြည်တော် နိုဝင်ဘာ  ၇


မြန်မာ့ယဉ်ကျေးမှု   ဓလေ့နှင့် မြန်မာတို့၏ စိတ်ရင်းကိုဖော်ညွှန်း ပြသနေသည့်    မြန်မာ့ဆယ့်နှစ် လရာသီ        ပွဲတော်များအနက် တန်ဆောင်းမုန်း   ပွဲတော်သည် မြန်မာတို့၏  အလှူသဒ္ဓါတရား ထက်သန်မှု၊         ဘာသာတရား ကိုင်းရှိုင်းမှုတို့ကို    အထင်အရှား မြင်တွေ့ရသည့် ပွဲတော်တစ်ခုဖြစ် သည်။

 


ထိုသို့ အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပသော     ရာသီ ပွဲတော်ဖြစ်သည့်  တန်ဆောင်မုန်း လပြည့် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား     စေတီပုထိုးများတွင် ကုသိုလ်ပြုကြသူများ၊ အလှူဒါန ပြုကြသူများဖြင့်      စည်ကား သိုက်မြိုက်လျက်ရှိသည့်  အပြင် နေပြည်တော်         ဥပါတ္တသန္တိ စေတီတော်မြတ်ကြီးရှိ   ဆင်ဖြူ တော်ဆောင်တွင် အောက်တိုဘာ ၃၀ ရက်က ဘွဲ့နာမံတော် အမည် ပေး  ကင်ပွန်းတပ်နှင့်  အဆောင် တော်တက်  မင်္ဂလာပြုလုပ်ထား သည့် ရဋ္ဌနန္ဒက (ရဋ္ဌ=တိုင်းပြည်၊ နိုင်ငံ။  နန္ဒက=ချစ်ခင်မြတ်နိုးခြင်း၊ သာယာပျော်ရွှင်ခြင်း)  (မြန်မာ အဓိပ္ပာယ်    အပြည့်အစုံမှာ-တိုင်းပြည်က   ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏     သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေး မည့် ဆင်ဖြူရတနာ) ဆင်ဖြူတော် လေး အပါအဝင်  အခြားဆင်ဖြူ တော်များနှင့်  အဖော်ဆင်များအား သဒ္ဓါကြည်ဖြူစွာဖြင့်  အစာလာ ရောက် ကျွေးမွေးကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသတင်းရရှိသည်။


သတင်းစဉ်