တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ မြို့နယ်အသီးသီး၌ ထုတ်ပြန်ကြေညာ

 

နေပြည်တော်  ဇွန်  ၁၇
၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာစာစစ်ဌာန(ကျောင်း)များ၌ ဇွန် ၁၇ ရက် နံနက် ၆ နာရီက စတင်ကပ်ထားကြေညာပေးရာ ကျောင်းသား ကျောင်းသူများ၊ မိဘများ လာရောက်ကြည့်ရှုလျက်ရှိသည်။ 
 

မိတ္ထီလာ 
မိတ္ထီလာမြို့နယ်၌ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၅)၊အထက(ရေချို)၊အထက(ရေဝေ)၊    အထက (အလည်ရွာ) စာစစ်ဌာနများ၌ အောင်စာရင်းများ ကြေညာထားပြီး  မြို့နယ်အတွက် အောင်ချက်ရာခိုင်နှုန်း    သီးသန့်တွက်ချက်ထားခြင်းမရှိကြောင်း၊  မန္တလေးတိုင်းဒေသကြီးအနေဖြင့်မူ ဖြေဆိုသူ ဦးရေ ၃၃၅၄၈ ဦးတွင် အောင်မြင်သူ ၁၆၇၄၇ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ   ၉၂ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာ www.myanmarexam.org  တွင် ထုတ်ပြန်ချက်အရ  ၂ဝ၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် နိုင်ငံရပ်ခြားမှ ဖြေဆိုသူစုစုပေါင်း ၂၈၁၇၅၁ ဦးရှိပြီး အောင်မြင်သူ ၁၃၂ဝ၇၇ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)
 

 

ဟိုပုံး    
ရှမ်းပြည်နယ်တောင်ပိုင်း  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ ကျောက်တန်း၊ နမ့်ခုတ်နှင့် ကျောက္ကချား  အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းသား ကျောင်းသူ ၈၁၄ ဦး ဖြေဆိုသည့်အနက် အောင်မြင်သူ ၂၇၉ ဦးရှိပြီး အောင်ချက်  ရာခိုင်နှုန်းမှာ ၃၄ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်းနှင့်    တစ်ဘာသာ ဂုဏ်ထူးရ ၆၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရ ရှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရ တစ်ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။              
 မြို့နယ်(ပြန်/ဆက်)

 

အိမ်မဲ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ကိုးခုမှ ဝင်ရောက်ဖြေဆိုသူ ၁၂၄၄ ဦးရှိကာ အောင်မြင်သူ ၆၃၈ ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့်  ၅၁ ဒသမ ၂၉ ရာခိုင်နှုန်း ရှိကြောင်းနှင့်  လေးဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၅၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉၅ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆၈ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၉၇ ဦးရှိကြောင်း    မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်) 
 

 

မဘိမ်း                           
ရှမ်းပြည်နယ်မြောက်ပိုင်း  မဘိမ်းမြို့နယ်၌  အထက(မဘိမ်း)နှင့် အထက(ငါးအိုး)  စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား ကျောင်းသူ ၃၂၃ ဦး ဝင်ရောက်ဖြေဆိုရာ ၁၂၇ ဦး အောင်မြင်ပြီး သုံးဘာသာဂုဏ်ထူး ရှင် ရှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၇ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၆၈ ဦးရှိကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မှာ ၃၉ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်ကြောင်း   မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                                                  

မျိုးမင်း (ပြန်/ဆက်) 

 

ငဖဲ  
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင်  အ.ထ.က(ငဖဲ)၊ အ.ထ.က(ခွဲ)ပန်းထိန်း၊ အ.ထ.က(ပဒါန်း)၊ အ.ထ.က(ဂုတ်ကြီး)၊   အ.ထ.က(ခွဲ)ဇွန်းပြွန်း စာစစ်ဌာနများ၌ စုစုပေါင်းဖြေဆိုသူ ၂၈၅ ဦးရှိခဲ့ပြီး အောင်မြင် သူ ၁၀၁ ဦးရှိ၍ အောင်မြင်မှုရာနှုန်း ၃၅ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊  သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦးရှိကြောင်း သိရသည်။        

မယု (ငဖဲ) 
 

 

မိုးကောင်း    
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ အထက(၂)မိုးကောင်း၊ အထက-နမ္မတီးနှင့် အထက-ပင်းဘော စာစစ်ဌာနများတွင်  ဖြေဆိုသူ ၁၀၉၀ အနက် ၅၅၂ ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း  ၅၁ ရာခိုင်နှုန်း ရှိကြောင်းနှင့်    ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၈၉ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၇၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 
သန်းလွင်ဦး(ပြန်/ဆက်)

 

နမ့်စန်            
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အထက(နမ့်စန်)စာစစ် ဌာနနှင့်  အထက(ခိုလန်) စာစစ်ဌာန  နှစ်ခု၌ အခြေခံပညာစာသင်ကျောင်း များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ နှင့် ပြင်ပဖြေဆိုသူများအပါအဝင် စုစုပေါင်း ၆၉၁  ဦး ဖြေဆိုခဲ့ပြီး ၂၅၀ ဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း   ၃၆   ရာခိုင်နှုန်း ရှိကြောင်း၊ ဂုဏ်ထူးရရှိမှုအခြေအနေမှာ နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး နှင့် တစ်ဘာသာဂုဏ်ထူးရှင် ၆၀  ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။            
သူရအောင်(ပြန်/ဆက်)

 

သန်လျင်     
ရန်ကုန်တောင်ပိုင်းခရိုင်   သန်လျင်မြို့နယ်ရှိ    စာစစ်ဌာနများတွင်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ  ၁၃၃၃ ဦးအနက်  အောင်မြင် သူ ၅၅၂ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၄၁ ဒသမ ၄၁  ရှိကြောင်းနှင့် ခြောက်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ငါးဘာသာဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ သုံးဘာသာဂုဏ်ထူးရှင်   ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၈၂ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၁၇ ဦးရှိကြောင်း     မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။                              

ခရိုင်(ပြန်/ဆက်)

 

တနင်္သာရီ  
တနင်္သာရီမြို့နယ်အတွင်းရှိ အထက-တနင်္သာရီ၊ အထက-ညောင်ပင် ကွင်းနှင့်   အထက-မော်တုန်း  စာစစ်ဌာနသုံးခု၌    ကျောင်းသား ကျောင်းသူ ၃၁၆ ဦး  ဖြေဆိုရာ ၁၂၂ ဦး အောင်မြင်သဖြင့် တစ်မြို့နယ် လုံး၏ အောင်ချက်ရာနှုန်းမှာ ၃၈ ဒသမ ၆၁   ရာခိုင်နှုန်းဖြစ်ကြောင်း၊ နှစ်ဘာသာဂုဏ်ထူးရှင် လေးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၆ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၉၂ ဦးဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်) 

 

ကြို့ပင်ကောက် 
ပဲခူးတိုင်းဒေသကြီး  ကြို့ပင်ကောက်မြို့နယ်၌  အထက (ကြို့ပင် ကောက်)၊ အထက(ပန်းတင်)၊ အထက(ရွှေပန်းတော) နှင့် အထက (လယ်တီ)  စာစစ်ဌာန  လေးခု၌ ကျောင်းသား ကျောင်းသူ ၇၁၀ ဝင်ရောက်ဖြေဆိုခဲ့ရာ ၃၅၃ ဦး အောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူးရှင် ၁၁၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ လေးဘာသာဂုဏ်ထူးရှင် နှစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦး ရှိကြောင်း သိရသည်။                     
ဇေယျာထွန်း(ကြို့ပင်ကောက်)
 

 

ကျောက်ဖြူ   
ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန ၁၂ ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ     ဝင်ရောက်ဖြေဆိုသူ   ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၄၂၃ ဦးရှိကာ အောင်မြင်သူ ၁၅၉၃ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ   ၄၆ ဒသမ  ၅၄  ရာခိုင်နှုန်းရှိကြောင်း၊ ဘာသာစုံဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆၃ ဦး၊   နှစ်ဘာသာ ဂုဏ်ထူးရှင် ၈၀  နှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။          

တင်ထွန်းဦး၊ ဖြိုးဝေလင်း