
နေပြည်တော် ဇူလိုင် ၃၀
၂၀၁၉ - ၂၀၂၀ နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ စစ်မှုထမ်းဟောင်း မိသားစု ဝင် သား/ သမီး ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့် ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ နာယက၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုဌာနချုပ်မှ အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ တက္ကသိုလ် ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သော စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်စစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ နာယက၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက ၂၀၁၉ - ၂၀၂၀ ပညာ သင်နှစ် အဆင့်မြင့်ပညာ အဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ပညာသင်ဆုနှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်း သား ကျောင်းသူများကို ဂုဏ်ပြု ဆုများ ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ကြီးကြပ်ရေး တာဝန်ခံ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုဌာနချုပ်မှ ဘဏ္ဍာရေး မှူး ဗိုလ်မှူးချုပ် ရဲနိုင်မျိုး (အငြိမ်းစား)က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် လေးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်း သား ကျောင်းသူများကိုလည်း ကောင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးက ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်း သား ကျောင်းသူများကိုလည်း ကောင်း၊ နေပြည်တော် စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်ကြီးဝင်းမြင့် (အငြိမ်း စား) က ၂၀၁၉- ၂၀၂၀ ပညာသင် နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် သုံးဘာသာ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ ပျဉ်းမနား မြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ် စစ်မှု ထမ်းဟောင်းအဖွဲ့များမှ တာဝန်ရှိ သူများက ၂၀၁၉ - ၂၀၂၀ ပညာ သင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တို့တွင် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
သတင်းစဉ်