တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

 

နေပြည်တော်  ဩဂုတ်   ၆


ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အနော်ရထာခန်းမ၌ပြုလုပ်ရာ   တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊   ဆုရကျောင်းသား၊  ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ   တိုင်းမှူးနှင့်   ရန်ကုန်တိုင်းဒေသကြီး (စည်ပင်အတွင်း)စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုအမှာစကားများ ပြောကြား သည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ခုနှစ်   ပညာသင်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင်    ထူးချွန်စွာ  အောင်မြင်ခဲ့ကြသည့် လေးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ သုံးဘာသာဂုဏ်ထူး ရှင် ၃၂ ဦး၊ ဘက်စုံထူးချွန်လူငယ်ဆုရရှိသူ သုံးဦးနှင့် တက္ကသိုလ်ပညာသင်ဆုရရှိသူ ၁၁ ဦးတို့ကို တိုင်းမှူး နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြသည်။

 


ဆုချီးမြှင့်ပွဲအပြီးတွင် ဆုရကျောင်းသား၊ ကျောင်း သူများကို  လက်ဖက်ရည်ဝိုင်းဖြင့်    တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်