တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအောင်ချက်မြင့်မားသော တိုင်းဒေသကြီးတစ်ခုအဖြစ် ရလဒ်ရရှိ

 

ရန်ကုန်    ဇွန်   ၉
၂၀၂၃  ခုနှစ်   မတ်လ ၈ ရက်မှ   ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို   ကျင်းပခဲ့ရာ  ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနကျောင်းများနှင့် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန Website တို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ ပြီး ရန်ကုန်တိုင်း‌ဒေသကြီးအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် ဒုတိယအောင်ချက်မြင့်မားသော တိုင်းဒေသကြီးတစ်ခုအဖြစ်    ရလဒ်ရရှိခဲ့ကြောင်း သိရသည်။ 
၂၀၂၃  ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖြေဆိုသူ ၂၃၈၀၇ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၅၂၈၅ ဦးရှိ၍ ၆၄ ဒသမ ၂၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည်။ 
“Grade -11 စနစ်ဟောင်းဒသမတန်း တက္ကသိုလ် ဝင် နောက်ဆုံးစာမေးပွဲကို ကျောင်းသား ကျောင်းသူ ၂၃၈၀၇ ဦး ဝင်ရောက်ဖြေဆိုတဲ့အခါမှာ ၁၅၂၈၅ ဦး‌ အောင်မြင်တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၆၄ ဒသမ ၂၀ ရာခိုင်နှုန်းရရှိတဲ့အပေါ်မှာ ဝမ်း‌မြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကလေးတွေလည်း   ဆက်လက်ပြီး အဆင့်မြင့်ပညာများကိုသင်ယူပြီး နိုင်ငံ့အကျိုးကို ထမ်းဆောင်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က‌ ပြောကြား သည်။                    ညိမ်းသူ (သတင်းစဉ်)