တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်    ၃၀


၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့်  ဥပဒေရေးရာဝန်ကြီး ဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်   ဒေါက်တာ  သီတာဦးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းသား/ ကျောင်းသူဘဝတွင်     တပည့်ကောင်းများဖြစ် အောင် ကြိုးစားသကဲ့သို့ နောင်အချိန်တွင် တိုင်းပြည် ကို   ပြန်လည်ဦးဆောင်ကြမည်ဖြစ်သည့်အတွက် ပညာပြည့်ဝရုံသာမက    သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများဖြင့်   နေထိုင်တတ်ကြရန်လို ကြောင်း၊ မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည်   နိုင်ငံတော်၏   ဂုဏ်ကိုပါ ထွန်းလင်းစေအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော  ငါးဘာသာဂုဏ်ထူးရှင်ကိုလည်း ကောင်း၊   ဒုတိယဝန်ကြီးနှင့်   ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က    နှစ်ဘာသာဂုဏ်ထူးရှင်ကိုလည်း ကောင်း၊ ညွှန်ကြားရေးမှူးချုပ်များက  တစ်ဘာသာ ဂုဏ်ထူးရှင် ငါးဦးကိုလည်းကောင်း  ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးကို ဆက်လက်ပေးအပ်ရာ မူလတန်းအဆင့် တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝနှုန်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင်  ငွေကျပ် ၄ဝဝဝဝ နှုန်း၊   အထက်တန်းအဆင့်   တစ်ဦးလျှင်   ငွေကျပ် ၅ဝဝဝဝနှုန်းဖြင့်  စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၁၆၈ ဦးအတွက် ငွေကျပ် ၈၂ သိန်းကျော် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။              

သတင်းစဉ်