တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၂၄


သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်  ဦးစီး ဌာန  အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ထိန်းသိမ်း ထားရှိရန်တို့အတွက်    တက္ကသိုလ် မြတ်သူ မိသားစုက စာပေပစ္စည်း များနှင့်     အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း      အခမ်း အနားကို  ယနေ့နံနက်  ၉  နာရီ က      အမျိုးသားစာကြည့်တိုက် (နေပြည်တော်)   ရှိ   ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီး ဌာနမှ       ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ  သတ်မှတ်စည်းမျဉ်း စည်း ကမ်းများနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားသို့       နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့်       မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊  Jeng   Phang နော်တောင်၊    သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြား ရေး  ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း၊   သာသနာရေးနှင့်      ယဉ်ကျေးမှု ဝန်ကြီးဌာန    ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်      ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ သမဝါယမ နှင့်    ကျေးလက်       ဖွံ့ဖြိုးရေး ဝန်ကြီးဌာန          ဒုတိယဝန်ကြီး ဦးမြင့်စိုး၊      သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ    အမြဲ တမ်းအတွင်းဝန်၊     ညွှန်ကြားရေး မှူးချုပ်များ၊        ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊   ကာကွယ်ရေး ဝန်ကြီးဌာနမှ    ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ စာပေ ပညာရှင်များ၊  တက္ကသိုလ်မြတ်သူ နှင့်   မိသားစုဝင်များ၊   ပျဉ်းမနား မြို့နယ်    စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့်  အခြားဖိတ် ကြားထားသော ဧည့်သည်တော် များ  တက်ရောက်ကြသည်။

 


အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး     ဦးကိုကိုက တက္ကသိုလ်မြတ်သူသည်  ကဗျာ၊ ဝတ္ထု     စသည့်    ရသစာပေများ၊ သတင်းစာပညာ၊ သတင်းအချက် အလက်၊ ဂီတ၊ နိုင်ငံရေး၊ ဘာသာ ရေး၊ မြန်မာစာပေ၊ ဥပဒေ၊ လူ့အခွင့် အရေး၊   မြန်မာနိုင်ငံ      သမိုင်း၊ ကမ္ဘာ့သမိုင်း၊         ရွေးကောက်ပွဲနှင့်   အတ္ထုပ္ပတ္တိ စသည့်စာအုပ်များစွာ ကို ပညာရပ်စုံလင်စွာ ရေးသားခဲ့ ပြီး မကြာသေးမီကာလက ၂၀၂၁ ခုနှစ်အတွက်   အမျိုးသားစာပေ  တစ်သက်တာဆုကို         ရရှိခဲ့သူ တစ်ဦးလည်း       ဖြစ်ပါကြောင်း၊ အလင်္ကာကျော်စွာ      စည်သူ တက္ကသိုလ်မြတ်သူက   ကိုယ်တိုင်  ရေးသားခဲ့သည့်   စာအုပ်များနှင့်  ဖတ်ရှုလေ့လာ   စုဆောင်းခဲ့သည့်  စာအုပ်စာပေများ၊ စာနယ်ဇင်းများ၊ ရရှိခဲ့သည့် ဂုဏ်ပြုမှတ်တမ်းများ၊ ဆုတံဆိပ်များ၊ ရင်ထိုးတံဆိပ်များ၊  တီးခတ်ခဲ့သည့်   တူရိယာပစ္စည်း များ၊ စုဆောင်းခဲ့သည့် ဓာတ်ပြား များ၊  စီဒီများနှင့်  မှတ်တမ်းဝင် ဓာတ်ပုံများကို အမျိုးသားစာကြည့် တိုက်သို့    လှူဒါန်းလိုကြောင်း ဆက်သွယ်လာခဲ့သဖြင့်     ဌာနမှ တာဝန်ရှိသူများကို   စနစ်တကျ လက်ခံဆောင်ရွက်ရန်    တာဝန် ပေးအပ်ခဲ့ပါကြောင်း၊    လှူဒါန်း ခဲ့သည့်       စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို အသေး စိတ်   စာရင်းပြုစုခြင်းလုပ်ငန်းမှ စ၍       စင်တင်ခင်းကျင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ပြီး “တက္ကသိုလ်မြတ်သူ  စာစုခန်း” အဖြစ် ခင်းကျင်းထားရှိပါကြောင်း၊ တက္ကသိုလ်မြတ်သူ စုဆောင်းထား ရှိသည့်    စာအုပ်စာပေများမှာ အကြောင်းအရာ၊    ပညာရပ်များ      စုံလင်သည်ကိုတွေ့ရှိရပြီး  သိမ်း ဆည်းထားသည့်       အမှတ်တရ ပစ္စည်းများနှင့် တူရိယာပစ္စည်းများ သည်လည်း     ယနေ့ခေတ်တွင်  အလွယ်တကူ  ရှာဖွေ၍   မရနိုင် သည့်  ရှားပါးတန်ဖိုးရှိ     ပစ္စည်းများ ဖြစ်သည့်အတွက်     နောင်လာ နောက်သားများ   တွေ့မြင်လေ့လာ ခွင့်ရရှိပြီး   အသိပညာဗဟုသုတ တိုးပွားစေနိုင်မည်   ဖြစ်ကြောင်း    ပြောကြားသည်။ 

 


ထို့နောက်  တက္ကသိုလ်မြတ်သူ က   အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့  စာပေပစ္စည်း များနှင့်   အမှတ်တရပစ္စည်းများ လှူဒါန်းရခြင်းနှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍     သာသနာရေး နှင့်       ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးကိုကို က တက္ကသိုလ်မြတ်သူအား  စာပေ ပစ္စည်းများနှင့် အမှတ်တရပစ္စည်း  များ ပေးအပ်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ   ပြန်လည်  ပေးအပ်ခဲ့ပြီး (ဝဲပုံ) သမိုင်းသုတေ သနနှင့်  အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်   ဒေါ်ဌေးဌေးဆွေက  ကျေးဇူး တင်စကား      ပြောကြားသည်။ ထို့နောက်  အခမ်းအနား  တက် ရောက်လာသူများက  တက္ကသိုလ် မြတ်သူ စာစုခန်းခင်းကျင်းထားရှိ မှုများကို    လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သိရသည်။  

 

သတင်းစဉ်