တက္ကသိုလ်များအနေဖြင့် စာတွေ့လက်တွေ့သင်ကြားရေး၊ လေ့ကျင့်ရေး၊ သုတေသနလုပ်ငန်းများကို  တိကျသောအချိန်ဇယားခွဲဝေမှုပုံစံဖြင့် စနစ်တကျသင်ကြားပေးကြရန်လို

 

 

နေပြည်တော်    မေ    ၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး     ဦးတင်ထွဋ်ဦးသည် ရေဆင်း   စိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေး          ခန်းမတွင် အမြဲတမ်းအတွင်းဝန်   ဦးကျော် မင်းဦးနှင့်  ညွှန်ကြားရေးမှူးချုပ် များ၊   ပါမောက္ခချုပ်များ၊    ဆရာ ဆရာမများနှင့်တွေ့ဆုံရာ စိုက်ပျိုး ရေး  တက္ကသိုလ်  ပါမောက္ခချုပ် ဒေါက်တာ    နန်းဆိုင်ဟွမ်းနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် များ   ပါမောက္ခချုပ်   ဒေါက်တာ မာမာဝင်းတို့က    ကျောင်းများ စတင်လက်ခံပေးနေမှု၊ ကျောင်းသူ ကျောင်းသား      အဆောင်များ၊ စာသင်ဆောင်များ ကျောင်းသား ဦးရေ    လက်ခံနိုင်မှုပမာဏနှင့် ကျန်းမာရေးဆိုင်ရာ    ညွှန်ကြား ချက်များနှင့်အညီ      ဘေးကင်း လုံခြုံစွာ  သင်ကြားသင်ယူနိုင်ရေး စီမံ     ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။
စနစ်တကျသင်ကြား
တင်ပြချက်များနှင့် စပ်လျဉ်း ၍       ပြည်ထောင်စုဝန်ကြီးက ရေဆင်းဒေသသည်  အဆင့်မြင့် ပညာသင်ကြားရေးနှင့်   သုတေ သနဌာနများတည်ရှိနေပြီး စိုက်ပျိုး ပညာ   ပြည်ရွာဖွံ့ဖြိုး၊    မွေးမြူ ဆေးကု တိုင်းပြည်ပြု ဆောင်ပုဒ် များနှင့်အညီ အဆင့်မြင့်ပညာရပ် များ မွေးထုတ်ပေးသည့်   ရပ်ဝန်း တစ်ခု       ဖြစ်သည့်အားလျော်စွာ တက္ကသိုလ်များအနေဖြင့် စာတွေ့ လက်တွေ့သင်ကြားရေး၊ လေ့ကျင့် ရေး၊ သုတေသနလုပ်ငန်းများကို  တိကျသော အချိန်ဇယားခွဲဝေမှု  ပုံစံဖြင့် စနစ်တကျ သင်ကြားပေး ကြရန်လိုကြောင်း၊   အလားတူ အင်တာနက်များ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး  တက္ကသိုလ်များ အချင်းချင်း         ချိတ်ဆက်၍ နည်းပညာဖလှယ်နိုင်ရေး၊ ရာသီ အလိုက် အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အခြေခံသည့် အခမ်းအနားများ၊  ကျပန်းစကားပြောပွဲများ စသည် တို့  ဆောင်ရွက်ပေးပြီး  ပတ်ဝန်း ကျင်နှင့် သဟဇာတညီစွာ ဝင်ဆံ့ သည့်     ဘက်စုံထူးချွန်သူများ ဖြစ်စေရေး စနစ်တကျစီမံဆောင် ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉  ကပ်ရောဂါနှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး ဆရာသမား ကောင်းများပီသစွာ  အားထုတ် ကြိုးပမ်း    ဆောင်ရွက်နေမှုများ အပေါ်    မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည် စာသင်ဆောင်များ၊ လက်တွေ့ဆောင်များ၊ သုတေသန ဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်နှင့်  စားရိပ်သာများ၊      ကျောင်းသား ကျောင်းသူ       အဆောင်များကို လှည့်လည်    ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉      ကပ်ရောဂါကြောင့်  ကျောင်းများ ပိတ်ထားခဲ့ရသဖြင့်  ဆုံးရှုံးခဲ့ရသော စာသင်ကာလများ  အစားထိုး    ဖြည့်ဆည်းပေးနိုင် ရန်        စီမံဆောင်ရွက်မှုကြောင့် သင်ကြားမှု     သင်ယူမှုအရည် အသွေး      ထိခိုက်မှုမရှိစေရေး၊ ကျောင်းတက်ရန် အခက်အခဲရှိ သည့်  ကျောင်းသား  ကျောင်းသူ များ   ကျောင်းတက်နိုင်ကြရန် တတ်နိုင်သည့်ဘက်က    ကူညီ ဖြည့်ဆည်းပေးရန် လိုအပ်ချက် များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များ၏ မိသားစုများနေရေး၊ စားရေး၊  ကျန်းမာရေးနှင့် သက်သာချောင်ချိ ရေးဆိုင်ရာများကို   တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည်   ရေဆင်းဆည်သို့ ရောက်ရှိကြပြီး   ရေဆင်းဆည်ရေ သောက်အတွင်း သီးနှံများစိုက်ပျိုး ထုတ်လုပ်နေမှုနှင့် ဆည်ရေပေးဝေ နေမှု   လုပ်ငန်းများကို    ကြည့်ရှု စစ်ဆေးပြီး     တောင်သူအတွက် ဝင်ငွေအများဆုံး         သီးနှံပုံစံ ဖော်ထုတ်ပေးရေး၊   မြေဆီဩဇာ ထက်သန်ရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ     စနစ်တကျ အသုံးပြုရေး၊ တစ်နှစ် (၂) သီးစားမှ (၃) သီးစားအထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ စိုက်ကွင်းများ  ရေသွင်း ရေထုတ်မှန်ကန်ရေးနှင့် ရေတင်နည်းမျိုးစုံဖြင့် စိုက်ပျိုးရေ အသုံးပြုနိုင်ရေး၊   ဒေသစိုက်ပျိုး ထုတ်လုပ်မှု     ဖွံ့ဖြိုးတိုးတက်ရေး အတွက်  တက္ကသိုလ်များ၊  သုတေ သနဌာနများနှင့်   သက်ဆိုင်ရာ ဦးစီးဌာနများ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာများကို   တာဝန်ရှိသူ များအား    ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
   သတင်းစဉ်