
ရန်ကုန် မေ ၁၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ် များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှစတင်၍ ပုံမှန် ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက် ရှိရာ ယနေ့တွင်လည်း ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် သင်ကြားလျက်ရှိကြသည်။
အဆိုပါ တက္ကသိုလ်များတွင် တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တာဝန် ရှိသူများပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန အဆင့် မြင့် ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၇ ခုနှင့် ဆရာအတတ် ပညာဦးစီးဌာနအောက်ရှိ ပညာ ရေး ဒီဂရီကောလိပ် ၂၅ ခုတို့ တွင် ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ် သင်ကြားပို့ချက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်