တက္ကသိုလ်များ၊  ဒီဂရီကောလိပ်များနှင့်  ကောလိပ်များ ပုံမှန် ပညာသင်နှစ်အတိုင်း ဖွင့်လှစ်


 

နေပြည်တော်   မေ    ၁၆
တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီ ကောလိပ်များနှင့် ကောလိပ်များ  ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ စတင်၍ ပုံမှန်ပညာသင်နှစ်ဝက်    ကာလ အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြား လျက်ရှိရာ ယနေ့တွင် တိုင်းဒေသ ကြီးနှင့်      ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ် များ၊ ကောလိပ်များနှင့် ကျောင်း များ၌ ကျောင်းသား၊ ကျောင်းသူ များက       အေးချမ်းပျော်ရွှင်စွာ  ကျောင်း    ပြန်လည်တက်ရောက် လျက်ရှိကြသည်။
ယခုကဲ့သို့   တက္ကသိုလ်နှင့် ကောလိပ်များ စနစ်တကျဖွင့်လှစ် နိုင်ရေးအတွက် ဝန်ကြီးဌာနများမှ    တာဝန်ရှိသူများက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး တက္ကသိုလ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ယာဉ်အန္တရာယ် နှင့် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက်    လုံခြုံရေးတပ်ဖွဲ့များ၊   မြို့နယ်အုပ်ချုပ်ရေး     အဖွဲ့နှင့်       ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံ ရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်း စွာ ပညာသင်ကြားနိုင်ရေး ဆောင် ရွက် ပေးလျက်ရှိကြောင်း  သိရ သည်။                       သတင်းစဉ်