
ပြည်
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ရှိ ပြည်တက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်) နှင့် ပြည်ပညာရေး ဒီဂရီကောလိပ်တို့အား မေ ၁၂ ရက် နံနက် ၉ နာရီ က စတင်ဖွင့်လှစ်ပြီဖြစ်ရာ အဆိုပါကျောင်းအသီးသီး ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရ သည်။
ပြည်မြို့ရှိ အဆိုပါ တက္ကသိုလ်/ဒီဂရီကောလိပ် လေးခုအနက် ပြည်တက္ကသိုလ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့်အတန်းပေါင်း (၁၀) တန်းဖြစ်ကြောင်း၊ ယခုမေ ၁၂ ရက်ကစတင်၍ (ပထမနှစ်) နှစ်တန်း၊ (ဒုတိယနှစ်၊ တတိယနှစ်၊ ပဉ္စမနှစ်၊ ပထမနှစ် (ဂုဏ်ထူးတန်း)၊ တတိယနှစ် (ဂုဏ်ထူးတန်း)၊ မဟာ အရည်အချင်းစစ်သင်တန်း) နှင့် (မဟာပထမနှစ်၊ မဟာဒုတိယနှစ်) သင်တန်းတို့ ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ ပြည်တက္ကသိုလ် သင်တန်းရေးရာဌာနမှ (မော်ကွန်းထိန်း) ဦးတင်ထွေးက ပြောသည်။
ထို့အတူ ပြည်ပညာရေး ဒီဂရီကောလိပ်တွင် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း၌ ကျောင်းသား ကျောင်းသူ ၁၀၃ ဦးနှင့် ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း၌ ကျောင်းသား ကျောင်းသူ ၆၁ ဦး စုစုပေါင်း ၁၆၄ ဦးရှိကာ ယနေ့ထပ်မံလာရောက် အပ်နှံသူများလည်းရှိကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်ဝင်းက ပြောသည်။
၎င်းအပြင် ကွန်ပျူတာတက္ကသိုလ် (ပြည်) တွင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူအသစ် များအား ယနေ့နံနက်ပိုင်းက မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ ၇၀ ကျော် တက်ရောက်ကြောင်းနှင့် ပြည်နည်းပညာ တက္ကသိုလ်တွင်လည်း ယနေ့နံနက်ပိုင်းက အလားတူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ ၆၀ ခန့်တက်ရောက်ကာ ယင်းနည်းပညာ တက္ကသိုလ်တွင် အတန်းစဉ်အလိုက် မဟာတန်း အထိ ယခုလက်ရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၃၄ ဦး တက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)
သန်လျင်
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ နေ့သင်တန်းများကို ယနေ့နံနက်မှစတင်၍ ဖွင့်လှစ်လိုက်ကြောင်း သိရ သည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယနှစ်ဝက် ပညာသင်ကာလနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက် ပညာသင် ကာလ နေ့သင်တန်းများကို မေ ၁၂ ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရ သည်။
ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်သို့ အတန်း အသီးသီး၌ ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စေ ရေးအတွက် ယင်းတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (သန်လျင်) တွင်၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ပထမနှစ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ မေ ၁၂ ရက်က ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းပြန်လည် ဖွင့်လှစ်ခြင်းသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုများ နှင့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် နည်းပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယနေ့ နည်းပညာတက္ကသိုလ် (သန်လျင်) ပြန်လည်ဖွင့်ရာတွင် ပထမနှစ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၁၈၀ ကျော် တက်ရောက် ပညာသင်ကြားခဲ့ကြကြောင်း သိရ သည်။
တင်စိုး(မြန်မာ့အလင်း)