
ရန်ကုန် မတ် ၈
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦးတို့သည် ဧပြီ ၄ ရက်မှ ဧပြီ ၇ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်များတွင် မဟာတန်း၊ မဟာအရည်အချင်း စစ်တန်းနှင့် ဂုဏ်ထူးတန်း တတိယနှစ် စာမေးပွဲ ဖြေဆိုနေမှုများကို လည်းကောင်း၊ အခြေခံပညာ ကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးသည်။
ထိုသို့ လှည့်လည်ကြည့်ရှုရာ တွင် ဧပြီ ၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်း ကျောင်း၊ ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်များကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ပဲခူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်း၊ ပဲခူးတက္ကသိုလ်နှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ် များကို လည်းကောင်း၊ ဧပြီ ၆ ရက် တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ ထားဝယ်တက္ကသိုလ် များကို လည်းကောင်း၊ ဧပြီ ၇ ရက်တွင် မြိတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကျွဲကူး တပ်နယ်အခြေခံပညာ အထက်တန်း ကျောင်းနှင့် မြိတ်တက္ကသိုလ်များ ကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးကြောင်း သိရ သည်။
သတင်းစဉ်