
နေပြည်တော် ဩဂုတ် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းအုပ်ကြီး များ၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာ ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၃ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် သုတေသန စက်ပစ္စည်းများကို အတော်အသင့် ဖြည့်ဆည်းပေး ပြီးဖြစ်သဖြင့် တက္ကသိုလ်အားလုံး တွင် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဌာနကြီးများအနေဖြင့် အနည်းဆုံး သုတေသနသုံးခု မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လုပ်ဆောင်မည့်သုတေသန စာရင်း ကို ခန့်မှန်းသုတေသနအသုံးစရိတ် နှင့်အတူ ဦးစီးဌာနသို့ ဩဂုတ် လကုန် နောက်ဆုံးထား၍ စာရင်း ပေးပို့ကြစေလိုကြောင်း၊ ဒုတိယ ပါမောက္ခချုပ်များအတွက် စီမံ ခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး သင်တန်းများကို ဩဂုတ်လကုန် တွင် လည်းကောင်း၊ အသစ် ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများနှင့် ထပ်မံခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များ အတွက် သင်ပြနည်းနှင့် စွမ်းရည် မြှင့် တစ်လသင်တန်းများကို စက်တင်ဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း။
တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကျောင်းများအတွက် ကျောင်း ဆောင် လိုအပ်ချက် တင်ပြ တောင်းခံရာတွင် ဆောက်လုပ်ရန် မြေနေရာကို Master Plan နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ တင်ပြကြ ရန်နှင့် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနက ဖွဲ့စည်းပေးထား သော အင်ဂျင်နီယာအဖွဲ့နှင့် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး မှ အင်ဂျင်နီယာများပူးပေါင်း၍ တည်ဆောက်ရေးလုပ်ငန်းများ၏ အရည်အသွေး ပြည့်မီရန်အတွက် လာရောက် စစ်ဆေးကြည့်ရှုရာ တွင် ပူးပေါင်းဆောင်ရွက်ပေးကြ ရန် မှာကြားလိုကြောင်း၊ မိမိတို့ ၏ ဒေသ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မည်သည့် အခက်အခဲပင်ရှိပါစေ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနိုင်ရန် အတွက် စည်းရုံးရေးဖြင့် ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကိန်း ဂဏန်းအချက်အလက်၊ စာရင်း ဇယားများ မှန်ကန်ရေး၊ မှတ်တမ်း ဓာတ်ပုံများ ထိန်းသိမ်းထားရှိရေး၊ အားကစားပွဲများ ကျင်းပရေး၊ တက္ကသိုလ်များဆိုင်ရာ ပညာရေး ပြက္ခဒိန်နှင့်အညီ အကောင် အထည်ဖော်ရေး၊ Grade 12 နှင့် ချိတ်ဆက်၍ တက္ကသိုလ် သင်ရိုး ညွှန်းတမ်းများကို ပြန်လည် သုံးသပ်ရေးဆွဲရေး၊ နိုင်ငံတကာ နှင့် ပြည်တွင်းသုတေသန ဂျာနယ် များတွင် သုတေသနစာတမ်းများ ပါဝင်ရေးသားရေး၊ Naypyitaw State Academy ဖွင့်လှစ်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ရာထူးတိုးပြောင်း ကိစ္စရပ်များ စနစ်တကျ မြန်မြန် ဆန်ဆန် ဆောင်ရွက်ရေး၊ မွမ်းမံ သင်တန်းများ ပို့ချရေး၊ ဖြည့်စွက် အာဟာရ ကျွေးမွေးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြား သည်။
ယင်းနောက် အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူး ချုပ်များက ဖြည့်စွက်ရှင်းလင်း ပြောကြားကြကြောင်း သိရ သည်။
သတင်းစဉ်