
နေပြည်တော် ဇန်နဝါရီ ၃၀
တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင် ကြေး၊ ကျောင်းလခပေးသွင်းခြင်း (Online/ Mobile Payment) တို့ အွန်လိုင်းမှ ချိတ်ဆက်ဆောင်ရွက် ရေးဦးစီးကော်မတီ အစည်းအဝေး ကို နေပြည်တော် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဦးစီးကော်မတီ ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဝိုင်းဝန်းပူးပေါင်း
ဦးစွာ ဒုတိယဝန်ကြီးက တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ၏ နေ့သင်တန်းကျောင်းအပ် ကာလကို ဖေဖော်ဝါရီ ၁၅ ရက် အထိလည်းကောင်း၊ အဝေးသင် သင်တန်း ကျောင်းအပ်ကာလကို ဖေဖော်ဝါရီ ၂၉ ရက်အထိ လည်း ကောင်း လက်ခံဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင် မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင် ကြေး၊ ကျောင်းလခပေးသွင်းခြင်း တို့ အွန်လိုင်းမှချိတ်ဆက်ဆောင် ရွက်ရေး Application/Software Porgram ရေးသားပြီးစီးမှုအခြေ အနေကို တင်ပြ၍ ဝိုင်းဝန်းဆွေးနွေး ပေးစေလိုပါကြောင်း၊ Data အချက်အလက်များ လုံခြုံရေး ကို အလေးထားစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ သင်ကြား၊ စီမံဝန်ထမ်းများ၏ Data အချက် အလက်များကို ပညာရေးစီမံခန့်ခွဲ မှု သတင်းအချက်အလက်စနစ် တွင် ထည့်သွင်းထားရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ကျောင်းအပ် ခြင်းအတွက် အွန်လိုင်းမှ ကျောင်းသား မှတ်ပုံတင်ခြင်း - Online Student Registration စနစ် တည်ဆောက်ပြီးပါက ကျောင်းသား ကျောင်းသူဆိုင်ရာ အချက်အလက်များကို လွယ်ကူ လျင်မြန်စွာ ထည့်သွင်းကာ အွန်လိုင်းမှ ကျောင်းဝင်ကြေး၊ ကျောင်းလခ ပေးသွင်းနိုင်သဖြင့် ကျောင်းသား ကျောင်းသူများ အတွက် အချိန်ကုန်လူပန်းသက်သာ စေမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်း စဉ်၏ အန္တိမရည်မှန်းချက်မှာ တက္ကသိုလ်များတွင် School Management System တည် ဆောက် အသုံးပြုပြီး ကျောင်းသား ပညာအရည်အသွေး တိုးတက်မှု မှတ်တမ်းမှစ၍ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိမှု အခြေအနေ အထိ မှတ်တမ်းထားသည့်စနစ်ကို အဆင့်ဆင့် အကောင်အထည် ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက်များ အပေါ်မူတည်၍ ပံ့ပိုးဆောင်ရွက်ရ မည့် ကဏ္ဍများကို လေ့လာ ဆန်းစစ်ခြင်းဖြင့် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်သဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြား သည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ရှင်းလင်းပြောကြား ပြီး ဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များက ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို တင်ပြ ကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်