တက္ကသိုလ်/ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဖွင့်လှစ်

 

ပြင်ဦးလွင်   မေ   ၁၃ 


ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)   တက္ကသိုလ်/ ကောလိပ်  ဆရာ  ဆရာမများ  အထူးမွမ်းမံ  သင်တန်းအမှတ်စဉ် (၂၂)  သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်  ၈ နာရီခွဲတွင်  ရတနာခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ   ဦးသန်းဆွေ၊ ပညာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး    ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စု   ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီ၊  ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊  ဆရာ  ဆရာမ များနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။

 


ဖွင့်ပွဲ       အခမ်းအနားတွင်  ပြည်ထောင်စု   ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက  ယခု သင်တန်းကို  ဆရာ ဆရာမများ၏     စိတ်ဓာတ်၊ စည်းကမ်း   ပိုမိုကောင်းမွန်လာ စေရန်၊   အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသော   ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းနှင့်  သက်ဆိုင်သော ဗဟုသုတနှင့်  အတွေ့အကြုံများ တိုးပွားလာစေရန်၊    ချစ်ကြည် ရင်းနှီးမှုနှင့်   စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ ယုံကြည်ချက်၊ ခံယူ ချက်၊ စိတ်နေစိတ်ထားများ ပိုမို ကောင်းမွန်     လာစေရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အခြေခံစစ်ပညာကို    နားလည် သဘောပေါက်စေရန်   စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။

 


နိုင်ငံတော် တည်ဆောက်ရာ တွင်   နိုင်ငံသားများ၏  ပညာရည် မြင့်မားရေးနှင့်  လူ့စွမ်းအားအရင်း အမြစ်      ဖွံ့ဖြိုးတိုးတက်ရေး သည်  အရေးကြီးသည့်အတွက် အနာဂတ်   မျိုးဆက်သစ်များကို ပုံသွင်းပေးရသည့် တက္ကသိုလ်/ကောလိပ် ဆရာ  ဆရာမများ၏ အခန်းကဏ္ဍသည်  လွန်စွာအရေး ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက် သော    အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ တည်ဆောက်ကြမည့် အရည်အသွေး      ပြည့်ဝသည့် ကျောင်းသားလူငယ်များ     မွေး ထုတ်နိုင်ရန်    မိမိကိုယ်တိုင်က အရည်အသွေးရှိရန်နှင့်   အရည် အသွေးပြည့်ဝရန်  လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့်   ခေတ်စနစ် နှင့်ကိုက်ညီသော   ပညာရပ်နှင့် ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရန်   လိုအပ် ကြောင်း ပြောကြားသည်။

 


အဆိုပါ        သင်တန်းသို့ သင်တန်းသား  ၅၇ ဦး၊ သင်တန်း သူ ၂၀၄ ဦး  စုစုပေါင်း  ၂၆၁ ဦး  တက်ရောက်ကြပြီး   သင်တန်း ကာလမှာ မေ ၁၂ ရက်မှ ဇွန် ၁၀ ရက်အထိ         ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

 


ထို့နောက် အရာထမ်းလောင်း အခြေခံ    သင်တန်း၊   ပြည်သူ့ ဝန်ထမ်း   စီမံခန့်ခွဲမှု   ဘွဲ့လွန် ဒီပလိုမာ သင်တန်းအမှတ်စဉ် (၉) သင်တန်းသား သင်တန်းသူများ၏ စစ်ရေးပြဘာသာရပ်  လက်တွေ့  လေ့ကျင့်နေမှုကို  ကြည့်ရှုစစ်ဆေး ပြီး  အခြေခံစစ်ပညာသင်ယူရခြင်း ၏  တန်ဖိုးများဖြစ်သော ပူး​ပေါင်း ဆောင်ရွက်တတ်မှု၊ ညှိနှိုင်းဖြေရှင်း တတ်မှု၊  ညီညွတ်မှု၊  အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်တတ်မှု စသည့် အနှစ်သာရ သဘောထားခံယူချက် ရရှိစေရေး  သင်ကြားပို့ချပေးရန် မှာကြားသည်။

 


ဆက်လက်ပြီး  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည် တော်များသည်  တက္ကသိုလ်တွင် သင်တန်း   တက်ရောက်သည့် သင်တန်းသား သင်တန်းသူများ၊ ဝန်ထမ်းများနှင့်   မိသားစုဝင်များ အတွက်  စိုက်ပျိုးထားသည့်  နှစ် ရှည်ပင်၊ စျေးကွက်ဝင် နှစ်လတ် ပင်နှင့်  ရာသီ  သီးနှံများ စိုက်ပျိုး ထားရှိမှု အခြေအနေကို လှည့်လည်               ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်