
နေပြည်တော် မေ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းသား ကျောင်းသူ များ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေး စေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတာဝန် ဆောင်ရွက်ပေးရသည့် ဌာနအဖွဲ့ အစည်းများအနေဖြင့်လည်း ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များရှိပါက တင်ပြကြစေ လိုကြောင်း၊ သက်ဆိုင်ရာကျောင်များအလိုက် အထိမ်းအမှတ်ပွဲများကို အစဉ်အလာမပျက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များတွင် ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက် ရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာ သင်ကြားနေမှုအခြေအနေနှင့် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ နေပြည် တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)