တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားအချို့ ဖမ်းဆီးရမိ

 

 

နေပြည်တော် ဇန်နဝါရီ  ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသို့   သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား ဇန်နဝါရီ ၇ ရက်တွင် အကြမ်းဖက်သမားများက    မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်   ပတ်သက်၍  လုံခြုံရေး တပ်ဖွဲ့ဝင်များက  အကြမ်းဖက်သမားများအား အမြန် ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၉ နာရီခန့်တွင် သံခြေတောင်ကျေးရွာ လမ်းဆုံနေရာ၌ PDF အမည်ခံအကြမ်းဖက်သမား များက   လက်နက်ငယ်များဖြင့်    စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့်       ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား  သုံးဦးကို  လက်လုပ်သေနတ် နှစ်လက်၊ တူမီးသေနတ် တစ်လက်၊ လက်လုပ်မိုင်း တစ်လုံး၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာ တွင်   ဆက်စပ်ပစ္စည်းများ၊   မော်တော်ဆိုင်ကယ်  နှစ်စီးနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။
ဖော်ထုတ်စစ်ဆေးချက်များအရ အဆိုပါ သေဆုံး ခဲ့သည့်       အကြမ်းဖက်သမားများမှာ   ဇန်နဝါရီ  ၇ ရက်က ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံ သို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲမှု    ဖြစ်စဉ်တွင်  ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့်    ဆက်စပ် တရားခံများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက        ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်