တကောင်းမြို့၌ PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးမှုများဖြစ်ပွား

 

နေပြည်တော်   မတ်   ၁ 
PDF အမည်ခံ  အကြမ်းဖက်သမားများ သည်   ဒေသတွင်း  တည်ငြိမ်အေးချမ်းမှု      ပျက်ပြားစေရန်  ရည်ရွယ်၍    စစ်ရေး ပစ်မှတ်မဟုတ်သည့်     ပြည်သူများ   နေထိုင်ရာ ရပ်ကွက်များ၊   မြို့၊    ရွာများ၊ ပညာရေးကျောင်းများ၊     သာသနိက အဆောက်အဦများအား   လက်နက်ကြီး များဖြင့်   ပစ်ခတ်တိုက်ခိုက်ခြင်း၊   Drop   Bomb များဖြင့်     ပစ်ချတိုက်ခိုက်ခြင်း စသည့်   အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ ညနေ  ၅   နာရီခန့်တွင်   PDF အမည်ခံ အကြမ်းဖက်သမားများသည်   မန္တလေး တိုင်းဒေသကြီး     သပိတ်ကျင်းမြို့နယ် တကောင်းမြို့        ရွှေဇာလီဘုန်းကြီး ကျောင်း၏    အရှေ့ဘက်  အမြင့် မီတာ ၈၀၀ ခန့်အကွာမှ    Drone  ယာဉ်များဖြင့် Drop Bomb များ   ပစ်ချတိုက်ခိုက်ခဲ့ သဖြင့် ဘုန်းကြီးကျောင်း၏ အရှေ့ဘက် ရှိ ဦးအောင်ဇော်ဦး၏   နေအိမ်ပေါ်သို့    ဗုံးသီးများ    ကျရောက်ပေါက်ကွဲကာ   မီးလောင်ကျွမ်းမှု          စတင်ဖြစ်ပွား ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ သည့်နေရာသို့  မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊    လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  ဒေသခံပြည်သူများနှင့်   ပူးပေါင်း၍ မီးသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များ အသုံးပြုကာ   မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆နာရီ မိနစ်  ၂၀ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ   မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် အလုံး  ၂၀  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး  လူ/တိရစ္ဆာန် ထိခိုက်၊  ဒဏ်ရာရရှိမှု   မရှိကြောင်း၊ မီးဘေးသင့်    အိမ်ထောင်စုဝင်များအား ရွှေဇာလီဘုန်းကြီးကျောင်းတွင်   ထားရှိ ကြောင်းနှင့်  တာဝန်ရှိသူများက  လိုအပ် သည့်        ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်