တိုယိုတာမှ လျှပ်စစ်ကားများ ထိုင်းနိုင်ငံ၌ ရောင်းချသွားမည်

 

ဘန်ကောက်    နိုဝင်ဘာ    ၁၀


ထိုင်းနိုင်ငံ၌  လျှပ်စစ်ကား   စတင်ရောင်းချတော့မည် ဟု တိုယိုတာ ကားကုမ္ပဏီက ကြေညာခဲ့သည်။ ဂျပန်  ကားကုမ္ပဏီဖြစ်သည့်        တိုယိုတာကုမ္ပဏီအတွက် အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံရပ်ခြားဈေးကွက် ကောင်းများဖြစ်သည်။    ၃၀    စင်တီမီတာ   အနက် ရှိသောရေထဲသို့  လျှပ်စစ်ကား   စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသော ထိုင်းနိုင်ငံရှိလမ်းများတွင်  လျှပ်စစ်ကားများမောင်းနှင် ရန် အဆင်ပြေကြောင်း ပြသနိုင်ရေးအတွက် စမ်းသပ် မောင်းနှင်ပြခဲ့ခြင်းဖြစ်သည်။        တိုယိုတာသည် ဈေးကွက်ဝေစု   ၃၀   ရာခိုင်နှုန်း    ပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံ၌    လျှပ်စစ်ကားများ   ထုတ်လုပ်နိုင်ရေး  စဉ်းစားနေသည်။  သို့သော်လည်း ထရတ်ကားကုမ္ပဏီ နှင့် ပြိုင်ဆိုင်နေရသည်။  ဘီဒီဝိုင် လျှပ်စစ်ကားကုမ္ပဏီ သည်    ထိုင်းနိုင်ငံတွင်  စက်ရုံသစ်   တည်ထောင်ရန် အစီအစဉ်ကို  ချပြထားခဲ့ပြီးဖြစ်သည်။ တိုယိုတာသည် ထိုင်းနိုင်ငံတွင်     ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း   ကားအစီးရေ   ၂၄၀၀၀၀  ကို ရောင်းချခဲ့ပြီးဖြစ်သည်။    ထို့ကြောင့်     လျှပ်စစ်ကား ရောင်းချမှုတွင်လည်း              ထိပ်တန်းရောက်မည်ဟု မျှော်လင့်ထားသည်။                    

အင်န်အိတ်ချ်ကေ