တိုယိုတာကားကုမ္ပဏီ ကမ္ဘာတစ်ဝန်း ကားစီးရေ ၁၀ သန်းကျော် ထုတ်မည်

တိုကျို    ဇန်နဝါရီ   ၁၇ 
တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီက   ယခုနှစ် အတွင်း   ကမ္ဘာတစ်ဝန်း   မော်တော်ယာဉ်အစီးရေ  ၁၀  ဒသမ ၆  သန်း  ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 
ကမ္ဘာတစ်ဝန်း   တစ်ပိုင်းလျှပ်ကူးပစ္စည်းဟု ခေါ်သည့်   ဆီမီးကွန်ဒက်တာ   ပြတ်တောက် ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကဲ့သို့သော ပြဿနာများက  ကားထုတ်လုပ်ရေးရည်မှန်းချက် ကို ပျက်ပြယ်စေနိုင်သည်။ 
ဂျပန် ဦးဆောင်ကားထုတ်လုပ်ရေး  ကုမ္ပဏီ သည်  ဇန်နဝါရီ ၁၆ ရက် က ၂၀၂၃ ခုနှစ် ကား ထုတ်လုပ်ရေးစီမံချက်ကို  ထုတ်ပြန်ခဲ့သည်။ ယခုနှစ် အခြေအနေမှာလည်း   ရှေ့အနာဂတ်ကို    ကြိုတင် ခန့်မှန်းရန်  အခက်အခဲရှိကြောင်း  တိုယိုတာကား ကုမ္ပဏီက ဖော်ပြခဲ့သည်။ 
အင်န်အိတ်ချ်ကေ