
တိုင်ယွမ် ဩဂုတ် ၁၀
တရုတ်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်ရှိ တိုင်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသ ထဲသို့ ဂြိုဟ်တုသစ် ၁၆ လုံးကို ဩဂုတ် ၁၀ ရက်က လွှတ်တင်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ကျိလင်း-၁ ဂျီယိုဖန်း ၀၃ဒီ၀၉ ဂြိုဟ်တုနှင့် ယွန်ယို့စ်-၁ ၀၄-၀၈ ဂြိုဟ်တုတို့ပါဝင်သော အဆိုပါ ဂြိုဟ်တုများကို သယ်ဆောင်ရေးဒုံးပျံ လောင်းမာ့ချ်- ၆ ဖြင့် ပေကျင်းစံတော်ချိန် ၁၂ နာရီ မိနစ် ၅၀ တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်သတ်မှတ်ထားသော ဂြိုဟ်တုပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ လွှတ်တင်လိုက်သော ဂြိုဟ်တုများ ကို အဝေးထိန်းအာရုံခံခြင်းနှင့် လေထုပုံရိပ်လွှာ ဖမ်းယူခြင်းကဲ့သို့သော နယ်ပယ်ကဏ္ဍများတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ယခုဂြိုဟ်တုလွှတ်တင်မှုသည် လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံများ၏ (၄၃၂) ကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ