တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၁) ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ   ၁၅


တိုင်းရင်းသားရေးရာ၊  ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်  ဝန်ဆောင်မှုရေးရာ  ကော်မတီအစည်းအဝေး   (၁၄/၂၀၂၁)ကို   ယနေ့   ညနေပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။


 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စောဒန်နီယယ်နှင့်      ဒေါက်တာ ဗညားအောင်မိုး၊     ပြည်ထောင်စု ဝန်ကြီးများ         ဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကိုနှင့် ဦးစောထွန်း အောင်မြင့်၊        ဒုတိယဝန်ကြီး များ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်  ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင် တိုင်းရင်း သားရေးရာ၊    ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့်   ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ကာကွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက  အဖွင့်အမှာစကား    ပြောကြားသည်။ 

 


ထို့နောက်     တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ  အတွင်းရေးမှူး   ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က     အစည်း အဝေး  အမှတ်စဉ် (၁၃/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များ နှင့်   ဆောင်ရွက်ထားရှိမှုအခြေ အနေများကို   ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက်   အစည်းအဝေး သို့    တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး    ဦးကိုကို၊ ဒုတိယဝန်ကြီး     ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များက ကော်မတီသို့ ပြည်ထောင်စု ဝန်ကြီးဌာနများမှ  ပေးပို့တင်ပြ လာသည့် အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

 


ဆက်လက်၍     ကော်မတီ ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီး ဌာနများမှ    တင်ပြလာကြသည့် အမှာစာကိစ္စရပ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲ ရေး ကော်မတီအစည်းအဝေးသို့ ဆက်လက်တင်ပြရန်ကိစ္စရပ်များနှင့်  ကော်မတီ၏အဆုံးအဖြတ်  ဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။ 

 


ယင်းနောက်    ကျန်းမာရေး    ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အစည်း အဝေးအမှတ်စဉ် (၁၃/၂၀၂၁) တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ပို့ဆောင်ပေးမည့်  အစီအစဉ်များ နှင့်ပတ်သက်၍  ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 


ထို့နောက်    အစည်းအဝေး    သို့ တက်ရောက်လာကြသူများက တိုင်းရင်းသားရေးရာ    ကိစ္စရပ် များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကိစ္စရပ်များကို သက်ဆိုင်ရာ  ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။

 


ယင်းနောက်  တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   မြထွန်းဦးက နိဂုံး ချုပ်   အမှာစကားပြောကြားပြီး အစည်းအဝေးကို    ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်