တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂) ကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၉


တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့်  ဝန်ဆောင်မှုရေးရာ ကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


တက်ရောက်


အစည်းအဝေးသို့ တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဝင်       ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များဖြစ်ကြသည့် စောဒန်နီယယ်နှင့်     ဒေါက်တာ ဗညားအောင်မိုး၊      ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာသက်သက်ခိုင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ      တက်ရောက် ကြသည်။ 

 


အစည်းအဝေးတွင်  တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲ မှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အတွင်းရေးမှူး     ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခင်အပတ် အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြ 


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ ဝန်ကြီး    ဦးရဲတင့်၊   ဦးမျိုးလှိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ က  ကော်မတီသို့  ပြည်ထောင်စု ဝန်ကြီးဌာနများမှ   ပေးပို့တင်ပြ လာသော အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ    ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

 

 
အတည်ပြု


ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသော အမှာစာကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့      အစည်းအဝေးသို့ ဆက်လက်တင်ပြရန်   သို့မဟုတ် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ၏     အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်တို့ကို   အတည်ပြု သည်။

 

 
ထို့နောက် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်တို့က      ကော်မတီ၏ (၄/၂၀၂၂)     အစည်းအဝေးတွင် ကော်မတီဝင်များ၏ တင်ပြဆွေးနွေး ချက်များအပေါ်    အစည်းအဝေး ဆုံးဖြတ်ချက်ပါ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို    ပြန်လည် ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်   အစည်းအဝေး သို့     တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး   ဦးကိုကို၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး     ဒေါက်တာအောင်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန   ညွှန် ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ က တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာ       စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ  ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။

 


ထို့နောက်  တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ    စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်