တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကျင်းပ

 

နေပြည်တော်    ဧပြီ   ၁


တိုင်းရင်းသားရေးရာ၊     ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်   ကာကွယ်ရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   မြထွန်းဦး   တက်ရောက် အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် စောဒန်နီယယ်နှင့်     ဒေါက်တာဗညား အောင်မိုး၊      ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်    ဦးချစ်နိုင်၊   ဦးကိုကိုနှင့် ဦးစောထွန်းအောင်မြင့်၊    ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်      တိုင်းရင်းသား ရေးရာ၊         ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့်   ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မကြာမီ သင်္ကြန်ကာလ        ရောက်ရှိမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုထားရှိပြီးဖြစ်သဖြင့်   ဝန်ကြီးဌာန များအနေဖြင့်လည်း စနစ်တကျလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 


မီးဘေးအန္တရာယ် သတိထားရမည်


ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ မြို့များ၊ ကျေးရွာများကို ဖွံ့ဖြိုးတိုးတက် ရန်အတွက် သေချာဂရုတစိုက် ဝိုင်းဝန်း ဆောင်ရွက်ပေးရန်      နိုင်ငံတော်အကြီး အကဲက    မူဝါဒချမှတ်ထားပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍   ဝန်ကြီးဌာန များအနေဖြင့် မိမိတို့  လုပ်ဆောင်နေရ သည့် အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြ ရန် လိုအပ်ပါကြောင်း၊ ယခုကာလသည် နွေရာသီဖြစ်သည့်အတွက်   ဝန်ကြီးဌာန များအပါအဝင်     မိမိတို့တစ်နိုင်ငံလုံး မီးဘေးအန္တရာယ်ကို    သတိထားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း  တောမီးလောင်မှုအပါအဝင် သစ်တောပြုန်းတီးမှု   ၁၆   ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် ယခုတည်ရှိနေသည့် သစ်တောများကို ထိန်းသိမ်းရမည့်အပြင် တစ်အုပ်တစ်မစိုက်ခင်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက်  စိုက်ပျိုး သွားရန် လိုအပ်ကြောင်း၊ မကြာမီ မိုးရာသီ ကာလအတွင်း    နိုင်ငံနှင့်အဝန်း စိုက်ပျိုး နိုင်ရေးအတွက်    လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန်        လိုအပ် ကြောင်း၊ မိမိတို့နိုင်ငံ၌ သဘာဝဘေးနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို     ဟန့်တားနိုင်ရန် အစီအစဉ်ကောင်းများဖြင့် စီမံဆောင်ရွက် ထားရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်     တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်   ဝန်ဆောင်မှု ရေးရာကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်က   အစည်း အဝေးအမှတ်စဉ် (၃/၂၀၂၂) အစည်းအဝေး ဆုံးဖြစ်ချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် အစည်းအဝေးသို့ တက် ရောက်လာကြသည့် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်   ဦးရဲတင့်၊     ဦးဝင်းရှိန် အမြဲတမ်းအတွင်းဝန်များ၊    ညွှန်ကြား ရေးမှူးချုပ်များနှင့်     တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာန များမှ   ပေးပို့တင်ပြလာသည့်   အမှာစာ ကိစ္စရပ်များကို    သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။

 


ဆက်လက်၍   ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများမှ  တင်ပြ လာကြသည့်     အမှာစာကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ ဆက်လက်တင်ပြရန်   ကိစ္စရပ်များနှင့်  ကော်မတီ၏အဆုံးအဖြတ်ဖြင့်  ဆောင် ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက်      ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက  တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏  ယခင် အစည်းအဝေးများတွင်    ကော်မတီဝင် များက အထွေထွေတင်ပြဆွေးနွေးချက်များအပေါ် အစည်းအဝေးဆုံးဖြတ်ချက် ပါ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်     အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး   ဦးရဲတင့်၊    ဒေါက်တာ အောင်ကြီး၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူများက    တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊    ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့်   ဝန်ဆောင်မှုရေးရာကိစ္စရပ် များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက်    ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။

 


ထို့နောက်     တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်  ဝန်ဆောင်မှု ရေးရာကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး   မြထွန်းဦးက နိဂုံး ချုပ် အမှာစကားပြောကြားပြီး    အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်