တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် ( ၁၆ /၂၀၂၁) ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ    ၂

 


တိုင်းရင်းသားရေးရာ၊     ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီ  အစည်းအဝေး (၁၆ /၂၀၂၁) ကို     ယနေ့မွန်းလွဲ ၂ နာရီတွင်     နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့်     ဗိုလ်ချုပ်ကြီး မြထွန်းဦး၊         စောဒန်နီယယ် နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်   ဦးချစ်နိုင်၊   ဒေါက်တာ သက်သက်ခိုင်၊   ဒုတိယဝန်ကြီး များ၊       အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်  တိုင်းရင်း သားရေးရာ၊    ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့်    ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ကာကွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က  အဖွင့်အမှာစကား ပြောကြားသည်။ 

 


ထို့နောက်    တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ အတွင်းရေးမှူး   ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က    အစည်း အဝေး  အမှတ်စဉ် (၁၅ /၂၀၂၁) အစည်းအဝေးဆုံးဖြစ်ချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက်  အစည်းအဝေး သို့    တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး  ဦးဇော်ဝင်း၊ အမြဲ တမ်း အတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့်   အမှာစာ ကိစ္စရပ်များကို    သက်ဆိုင်ရာ ကဏ္ဍများအလိုက်    ရှင်းလင်း တင်ပြကြသည်။

 


ဆက်လက်၍     ကော်မတီ ဥက္ကဋ္ဌက     ပြည်ထောင်စုဝန်ကြီး ဌာနများမှ    တင်ပြလာကြသည့် အမှာစာကိစ္စရပ်များကို ကော်မတီ ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက် ရန် ကိစ္စရပ်များကို            အတည်ပြုသည်။ 

 


ထို့နောက်     စီမံကိန်းနှင့် ဘဏ္ဍာရေး        ဝန်ကြီးဌာနက တိုင်းရင်းသားရေးရာ၊    ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့်  ဝန်ဆောင်မှု ရေးရာကော်မတီ၏   (၁၅ /၂၀၂၁) အစည်းအဝေးတွင် ကော်မတီဝင် များ၏ တင်ပြဆွေးနွေးချက်များ အပေါ်   အစည်းအဝေးဆုံးဖြတ် ချက်ပါ ဆောင်ရွက်ရမည့် ကိစ္စများ နှင့်ပတ်သက်၍  ဆောင်ရွက်ပြီးစီး မှု  အခြေအနေများကို  ရှင်းလင်း တင်ပြသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးရဲတင့်၊ ဒေါက်တာ အောင်ကြီး၊ ဦးဇော်အေးမောင်နှင့်    တာဝန် ရှိသူများက   တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊  ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုနှင့်   ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍ များအလိုက်   ရှင်းလင်းတင်ပြကြ ရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးသည်။

 

ထို့နောက်    တိုင်းရင်းသား ရေးရာ၊   ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုရေးရာကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး      မြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို   ရုပ်သိမ်းလိုက် သည်။               

သတင်းစဉ်