တိုင်းရင်းသားပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာန၏ သဘောထားထုတ်ပြန်ချက်

 

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်)

 

ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားပြည်သူများအားလုံး လူတိုင်းသက်တမ်းစေ့  အသက်ရှည်စွာ နေထိုင်နိုင်၍    မျှော်မှန်း သက်တမ်း  ယခုထက်ပိုမိုမြင့်မားလာစေရေးအတွက်  ဦးတည်ချက် ထားရှိကာ  ကျေးလက်ဒေသများအထိ   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။ 

 


ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကဲ့သို့  ကူးစက် ရောဂါများကို ကာကွယ်ထိန်းချုပ် ကုသခြင်း၊ ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းများ  ဆောင်ရွက်ခြင်း၊  မိခင်နှင့်ကလေးကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ အာဟာရမြှင့်တင်ရေး၊  မကူးစက်တတ်သော ရောဂါများ (ဥပမာ- သွေးတိုး၊ နှလုံး၊ ဆီးချို စသည်…)တို့ကို ကာကွယ် ထိန်းချုပ်ကုသရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး  စသည့် ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့် လူနာညွှန်းပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း   ကျန်းမာရေးဝန်ထမ်းများ၏   စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့်အညီ တိုင်းရင်းသားပြည်သူများ၏  ကျန်းမာရေးအတွက်  ပြည်ထောင်စုနယ်မြေ  နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျေးလက်ကျန်းမာ ရေးဌာနများ၊ တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်ဆေးရုံများ၊  ဗဟိုအဆင့်   ဆေးရုံကြီးများ စသည်တို့ကို ဖွင့်လှစ်ထားရှိရာ၌   အထက်ဖော်ပြပါ  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။ 

 


ထိုသို့တိုင်းရင်းသားပြည်သူများအား  ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသော  တာဝန်သိနိုင်ငံ့ဝန်ထမ်း များဖြစ်သော  ကျန်းမာရေးဝန်ထမ်းများအား  အကြမ်းဖက်သမား များနှင့်    အကြမ်းဖက်အဖွဲ့အစည်းများမှ    ယုတ်မာရိုင်းစိုင်း၍ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ဆရာဝန်များ၊ သူနာပြု များ၊  ကျန်းမာရေးမှူးများ၊   အမျိုးသမီးကျန်းမာရေးဆရာမများ၊ ကျန်းမာရေးကြီးကြပ်များ၊ သားဖွားဆရာမများနှင့် အထောက်အကူပြု ဝန်ထမ်းများသည်   အသက်သေဆုံးခြင်းနှင့်   ကိုယ်လက်အင်္ဂါ ထိခိုက်သည်အထိ    ပြင်းထန်စွာ   ဒဏ်ရာရရှိခြင်းတို့   ဖြစ်ပွားခဲ့ ပါသည်။  

 


ထိုသို့  နိုင်ငံ့ဝန်ထမ်းဖြစ်သော  ကျန်းမာရေးဝန်ထမ်းကောင်းများ  ဖြစ်ကြသူများကို   အသက်သေဆုံးစေခြင်းနှင့်   ကိုယ်လက်အင်္ဂါ ထိခိုက်စေ၍  ပြင်းထန်စွာဒဏ်ရာရရှိစေသည်အထိ  ယုတ်မာရိုင်းစိုင်း စွာဖြင့်  လူမဆန်စွာလုပ်ကြံခဲ့သည့်   အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   ပြင်းထန်စွာ  ပြစ်တင်ရှုတ်ချကြောင်း   သဘောထားထုတ်ပြန်အပ်ပါသည်။ 


ကျန်းမာရေးဝန်ကြီးဌာန