တိုင်းရင်းသားပြည်သူများ ပညာရည်မြင့်မားမှ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိမည်

Type
1

 

 မောင်ငြိမ်းအေး 

ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည်  ဆီမီးတိုင်ပမာဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ “ပညာရွှေအိုး လူမခိုး”ဆိုသကဲ့သို့ ပညာသည် ရွှေအိုးပမာ   မပျောက်မပျက် အကျိုးရှိအောင် အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ  များပြားသည်။ ပညာဖြင့် အရာရာကို  ပိုင်းခြားဆင်ခြင်  အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်း”၊  “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက်  မဖွင့်သောအိမ်” နှင့်တူသည်ဟု   သတင်းစာဆရာကြီးတစ်ဦး ဆိုသကဲ့သို့  အရာအားလုံးသည် အမှောင်အတိဖုံးနေမည်ဖြစ်သည်။ 
 

ပညာကို ငယ်စဉ်ကတည်းက ကြိုးစား သင်ကြားရသည်။   ပညာတတ်ပြီးလျှင် လည်း စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ  တိုးပွားအောင်  ကြိုးစား အားထုတ်သင့်သည်။       ထို့ကြောင့်  နိုင်ငံတိုင်း နိုင်ငံတိုင်းသည်   နိုင်ငံသားများ စာတတ်အောင်၊       ပညာတတ်အောင် ကြိုးစားအားထုတ်နေကြသည်။   ပညာ ရေးတွင်   ရင်းနှီးမြှုပ်နှံပြီး      နိုင်ငံကို မြှင့်တင်နေကြသည်။ ပညာရည်မြင့်မား သောနိုင်ငံများသည်   ဖွံ့ဖြိုးတိုးတက် လာကြပြီး  ပညာရည်နိမ့်ကျသော နိုင်ငံ များသည်  ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေ သည်ကို  တွေ့ရမည်ဖြစ်သည်။ လူတိုင်း လူတိုင်း ပညာတတ်မြောက်ပြီး  ပညာ ဖြင့်   ထိုလူတို့၏    ဘဝပတ်ဝန်းကျင်ကို တိုးတက်တောက်ပြောင်    လာအောင် ဖန်တီးနေကြသည်။


ပညာတတ်လိုစိတ်များ


ယနေ့ခေတ်သည်  ပညာခေတ်ဖြစ် သည်နှင့်အညီ     ပညာတတ်မြောက် ထားမှသာ   ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  စာတတ် မှု၊  ပညာတတ်မှု၊   စာဖတ်မှုနည်းပါးနေသေးသောကြောင့်ဟု ဆိုနိုင်သည်။ ပညာ ရေးနှင့်ပတ်သက်၍   မြို့ပေါ်နေပြည်သူ များအပြင်     ကျေးလက်ပြည်သူများ၊ တိုင်းရင်းသား       ပြည်သူများအားလုံး  စာတတ်မြောက်ရန်နှင့်    အတန်းပညာ တတ်မြောက်ရန်လိုအပ်သည်။   ရှေးယခင် က မြန်မာနိုင်ငံတွင် အရေး၊   အဖတ်၊ အတွက်    “အ”သုံးလုံးသင်တန်းများ ပေးခဲ့ဖူးသည်။ အောင်မြင်မှုများရရှိပြီး ကမ္ဘာတွင် စံပြပုံစံဖြင့်  အသိအမှတ်ပြု ခြင်း ခံခဲ့ရသည်။ “အ”သုံးလုံး    သင်တန်း များမှတစ်ဆင့် စာပေကို စိတ်ဝင်စားကာ ပညာတတ်လိုစိတ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ 


မြန်မာနိုင်ငံတွင်     တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသတွင် အလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်း   ၂၁၅၅၀ ရှိသည်။ မြို့ပေါ်တွင် အလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊  မူလတန်းကျောင်း    ၃၃၁၈ ကျောင်း ရှိသည်။  အဆိုပါကိန်းဂဏန်း များအရ အလယ်တန်းကျောင်းများ၏ ကျေးလက်မြို့ပြအချိုးမှာ   ၈ အချိုး ၁ ရှိပြီး       မူလတန်းကျောင်းအချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်။   မြန်မာနိုင်ငံ ၏ ပျမ်းမျှ    မြို့ပေါ်နေလူဦးရေမှာ   ၂၈ ရာခိုင်နှုန်းခန့်ရှိပြီး     ကျေးလက်နေ လူဦးရေမှာ  ၇၂     ရာခိုင်နှုန်းခန့်ရှိသည်။ ကျေးလက်လူဦးရေ      များပြားသဖြင့် ပညာရေးကဏ္ဍကို      ကျေးလက်တွင် ပိုမိုမြှင့်တင်ပေးထားသည်။      သို့သော် ကျေးလက်နေပြည်သူများ၏ စာတတ် မြောက်မှုမှာ  နည်းပါးပြီး   မြို့ပေါ်နေ ပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမို များပြားသည်ကို  တွေ့ရမည်ဖြစ်သည်။ အကြောင်းရင်းမှာ ကျေးလက်ဒေသတွင် ကျောင်းရှိသော်လည်း ကျောင်းနေ ရာခိုင် နှုန်း နည်းပါးခြင်းနှင့်  ပညာကို  ဆုံးခန်း တိုင်အောင်သင်ကြားမှု နည်းပါးနေသော ကြောင့်ဖြစ်သည်။ 


အားပေးဆောင်ရွက်မည်


အထူးသဖြင့်   တိုင်းရင်းသားဒေသ များတွင်  ဘာသာစကားအခက်အခဲ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားလူမှုစီးပွားဘဝ      အခက်အခဲ အမျိုးမျိုးတို့ကြောင့်   ပြည်နယ်များရှိ ကျေးလက်ဒေသများတွင်   ပညာရေး အားနည်းနေသည်ကို  တွေ့ရသည်။ “ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို  အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်ရာ တွင်  အဆိုပါစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူ များအားလုံး အသိပညာ၊  အတတ်ပညာ များရှိရန်လိုကြောင်း၊   ထို့ကြောင့် မိမိ အနေဖြင့်   ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန်   အမြဲမပြတ် 
တိုက်တွန်းအားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊  ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူအားလုံး  စာတတ် မြောက်ရန်နှင့်       အတန်းပညာများ တတ်မြောက်ရန်လိုကြောင်း၊ ကျေးလက် နေပြည်သူများ၊ တိုင်းရင်းသားပြည်သူ များ၏  ပညာရည်မြင့်မားရေးကို ဦးစား ပေး   အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၁-၉-၂၀၂၃ ရက်​နေ့တွင်   ကျင်းပသည့် နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃)တွင် ပြောကြား ခဲ့သည်။ 


ယနေ့ခေတ်သည်  ပညာခေတ်ဖြစ် သည်နှင့်အညီ   ပညာတတ်မြောက်ထား မှသာ ဘဝရပ်တည်ရေးကို  ဆောင်ရွက် နိုင်မည်ဖြစ်သည်။  ထို့ကြောင့် ပညာရေး တွင်  အားနည်းနေသည့် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ ပညာရည်မြင့်မားရေးကို     နိုင်ငံတော် အစိုးရက ဦးစားပေးအားပေးဆောင်ရွက် လျက်ရှိသည်။  မြန်မာနိုင်ငံသည်  ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို   အခြေခံ သည့်   ပြည်ထောင်စုကို    တည်ဆောက် လျက်ရှိသည်။ အဆိုပါစနစ်ကို အကောင် အထည်ဖော်ရာတွင် ဦးဆောင်သူ၊ လိုက်နာ ကျင့်သုံးသူအားလုံး အသိပညာ၊ အတတ် ပညာများရှိရန်    လိုအပ်သည်။ တိုင်းရင်း သားပြည်သူအားလုံး   စာတတ်မြောက် ရန်နှင့်   အတန်းပညာများ ပြီးမြောက်ရန် လိုအပ်သည်။    ထို့ကြောင့်     နိုင်ငံတော် အကြီးအကဲက ပညာရေးနှင့် ပတ်သက်၍    အားပေးဆောင်ရွက်ရန်      အမြဲမပြတ်    တွန်းအားပေးတိုက်တွန်းနေသည်။


လက်တွေ့အကောင်အထည်ဖော်


မြန်မာနိုင်ငံတွင်  စာတတ်မြောက် ရေးကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့သော်လည်း ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေး၊ အတန်း ပညာကို     ပြီးဆုံးအောင်သင်ကြား ရေးတွင်     အားနည်းချက်များရှိနေဆဲ ဖြစ်သည်။   လူမှုစီးပွားဘဝ    အခက် အခဲအမျိုးမျိုးကြောင့်   ပညာကို ပြီးဆုံး အောင်  မသင်ကြားနိုင်ဘဲ  အချိန်မတိုင်ခင် ကျောင်းထွက်လိုက်ရသည့် ရာခိုင်နှုန်း များနေသည်။  ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာတတ်များ နည်းပါး နေသည်။  ယင်းကို ခေတ်အဆက်ဆက် အစိုးရများက ကုစားနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ကျောင်းပြင်ပ ပညာ ရေးဖြင့်  မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်အောင်   တပ်မတော် အနေဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် သာဓကများ ရှိသည်။ 


ကျောင်းပြင်ပ မူလတန်းပညာရေး ကို  ၂၀၀၈-၂၀၀၉   ပညာသင်နှစ်တွင် ငါးမြို့နယ်ဖြင့်  စတင်ခဲ့သည်။  ၂၀၀၉-၂၀၁၀ ခုနှစ်တွင်  ၁၂ မြို့နယ်၊  ၂၀၁၀-၂၀၁၁ ခုနှစ်တွင် မြို့နယ် ၂၀၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၄၈ မြို့နယ်၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၇၃ မြို့နယ်၊  ၂၀၁၃-၂၀၁၄ ခုနှစ်တွင်  မြို့နယ်  ၈၀၊  ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၈၉ မြို့နယ်၊  ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၉၄ မြို့နယ်၊  ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၁၀၄ မြို့နယ်အထိ တိုးတက် အောင် ဆောင်ရွက်ခဲ့သည်။    ၂၀၁၇- ၂၀၁၈ ခုနှစ်မှစတင်၍    တိုးတက်မှု ပြန်လည်ကျဆင်းသွားသည်။ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း   ပညာသင်ခွင့် 
မရသူ ၂ဒသမ ၇ သန်းရှိသည်ဟု သိရ သည်။ ပညာရေးနှင့်ဝေးပြီး   မူလတန်းပင် မပြီးဆုံးသော        ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်း ပညာသင်ခွင့်မရသူ    ကလေးများကို   မြန်မာနိုင်ငံ          စာတတ်မြောက်ရေး  အထောက်အကူပြုပင်မဌာနက ကျောင်း ပြင်ပ မူလတန်းပညာရေး၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးတို့ဖြင့်   ပညာ သင်ယူမှုအခွင့်အလမ်းများ    ဆက်လက် ပေးလျက်ရှိသည်။ 


ပညာရေးနိမ့်ကျမှု


အကြောင်းအမျိုးမျိုးကြောင့် အခြေခံ ပညာ      အလယ်တန်းအဆင့်သို့    တက်ရောက်ရန်အခက်အခဲရှိသူ    ကလေး များနှင့် ပုံမှန်ကျောင်းများမှ   အလယ် တန်းအဆင့်မပြီးမြောက်မီ   ကျောင်း ထွက်ခဲ့ရသော ကလေးများဘဝကို ပညာ သင်ယူမှုအခွင့်အလမ်းများ    စဉ်ဆက် မပြတ်ပေးရန် လိုအပ်သည်။       ဤအစီ အစဉ်ကို ဆက်လက်အကောင်အထည် ဖော်ခြင်းအားဖြင့်  အခြေခံပညာအလယ် တန်းအဆင့် ပြီးမြောက်မည်။   အခြေခံ ပညာအထက်တန်းအဆင့်သို့ တက်ရောက် နိုင်မည်။    အသက်မွေးဝမ်းကျောင်း သင်တန်းများသို့     တက်ရောက်နိုင်မည်။ လူငယ်များ၏  ဘဝရှေ့ရေးအတွက် လက်တွေ့ကျကျ အထောက်အကူပြုမည် ဖြစ်သည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အသစ်ချမှတ်ထားသည့်    ဦးတည် ချက် (၉) ရပ်၏  လူမှုရေးပထမအချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊  ကုန်ထုတ်လုပ် မှု    အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက်   လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် ကို အကောင်အထည်ဖော်ဆောင်ရေး”ဟူသည့်အချက်ကို       ချမှတ်ထားသည်။    နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ    နိုင်ငံတော်တာဝန်များကို     စတင် ထမ်းဆောင်ချိန်၌  မြန်မာနိုင်ငံ ပညာရေး ကဏ္ဍ   နိမ့်ကျလျက်ရှိသည့် အခြေအနေ ကို   ပြုပြင်ပြောင်းလဲ၍ အားပေးမြှင့်တင်    ဆောင်ရွက်လျက်ရှိသည်။     ပညာရေး နိမ့်ကျမှုသည်   ပြည်သူများ၏  လူမှုစီးပွား ဘဝ  နိမ့်ကျမှုကို      ဖြစ်ပေါ်စေသည်။    

 


စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်း များတွင် ကျွမ်းကျင်သည့် လူသားအရင်း အမြစ်   နည်းပါးနေခြင်းသည်လည်း ပညာရေးနိမ့်ကျမှုကြောင့် ဖြစ်သည်။ 


အဆင့်ဆင့်ဖော်ဆောင် 


ထို့ကြောင့် KG+9 ပညာရေးစနစ် ကို အကောင်အထည်ဖော်ပေးခဲ့သည်။ အလယ်တန်းပညာ  ပြီးဆုံးပြီးနောက် စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်    စက်မှု နည်းပညာများကို ခရိုင် ၅၀ ရှိ   အခြေခံ ပညာအထက်တန်းကျောင်း ၅၁ ကျောင်း တွင်  ဆက်လက်သင်ကြားနိုင်အောင် ဖန်တီးပေးခဲ့သည်။  မူလတန်းပညာ၊ အလယ်တန်းပညာ ပြီးမြောက်သူများကို အထက်တန်းပညာ     သင်ယူချိန်တွင် စက်မှု၊    စိုက်ပျိုး၊    မွေးမြူရေးနှင့် ပတ်သက်သည့်     ကျွမ်းကျင်သူများဖြစ် အောင် သင်ကြားပေးလျက်ရှိသည်။ ထိုမှ တစ်ဆင့် ဘာသာရပ်အလိုက်  ထူးချွန်သူ များအနေဖြင့်   သက်ဆိုင်ရာသိပ္ပံများ၊ ကောလိပ်များနှင့်   တက္ကသိုလ်များတွင် ဆက်လက်  ပညာဆည်းပူးနိုင်မည်ဖြစ် သည်။ နိုင်ငံတစ်ဝန်းရှိ     တိုင်းရင်းသား ပြည်သူလူငယ်များအား  ကျွမ်းကျင်သူများ၊ ပညာတတ်များ၊ ပညာရှင်များဖြစ်အောင် ပညာရေးကဏ္ဍတွင် အဆင့်ဆင့် အကောင် အထည်ဖော်ပေးလျက်ရှိသည်။ 


မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းထွက်ကုန်ပစ္စည်း  ပေါများ သော  နိုင်ငံဖြစ်သည်။  နိုင်ငံရှိအရင်း အမြစ်များကို  ထိရောက်စွာအသုံးချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    မြင့်မား တိုးတက်လာအောင်   ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာပညာရပ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များ မွေးထုတ် ပေးနိုင်အောင်  အဆင့်ဆင့်ဆောင်ရွက် ပေးနေသည့်  ပညာရေးကဏ္ဍမြှင့်တင် ပေးရခြင်း  ရည်ရွယ်ချက်ကို ထင်ရှားစွာတွေ့မြင်နေရပြီဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ကျသည့် ပညာရေးမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်မှုများတွင် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။


ကောင်းမြတ်သောစေတနာ


မြန်မာနိုင်ငံတွင်      အခြေအနေ အကြောင်း  အမျိုးမျိုးကြောင့်  စာတတ် မြောက်မှု၊     ပညာတတ်မြောက်မှုမှာ ကျေးလက်ဒေသများ၊     ဝေးလံသော တိုင်းရင်းသားဒေသများတွင် ပိုမိုနိမ့်ပါးနေ သည်ကို တွေ့ရမည်ဖြစ်သည်။  ထို့ကြောင့် ကျေးလက်ဒေသများ၏  လူမှုစီးပွားဘဝ များ နိမ့်ကျနေလျက်ရှိပြီး  အထူးသဖြင့် တိုင်းရင်းသားဒေသအချို့တွင် လက်နက် ကိုင်ပဋိပက္ခများကြောင့်  ဒေသခံတိုင်းရင်း သားပြည်သူများ ပညာရေးနှင့်  ပိုမိုအလှမ်း ဝေးရသည့်  အခက်အခဲများရှိနေသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက်   တစ်နိုင်ငံလုံး စာတတ်မြောက်ရေး၊ ပညာတတ်ရေးသည်  အရေးပါသောအချက်ဖြစ်သဖြင့် တိုင်းရင်း သားပြည်သူတစ်ရပ်လုံး  စာတတ်မြောက် ရေး၊      ပညာတတ်မြောက်ရေးအတွက် ကောင်းမြတ်သော   စေတနာများဖြင့်          ဝိုင်းဝန်းဖြည့်ဆည်းပေးကြရမည်   ဖြစ် သည်။ 


အချုပ်အားဖြင့်ဆိုရလျှင်  နိုင်ငံတော် အစိုးရက နိုင်ငံအတွက်  ကောင်းမြတ် သည့် ရည်ရွယ်ချက်၊ ခံယူချက်၊ စေတနာ များဖြင့် ဆောင်ရွက်နေသည့်  ပညာရေး မြှင့်တင်မှုလုပ်ငန်းတွင်  အားလုံးတက်ညီ လက်ညီ    ကြိုးပမ်းဆောင်ရွက်ကြပါက အနာဂတ်ကာလတွင်         မြန်မာနိုင်ငံ သည်  ဖွံ့ဖြိုးတိုးတက်ပြီး    တိုင်းရင်းသား ပြည်သူများ     လူမှုစီးပွားဘဝမြင့်မား တိုးတက်လာကာ    ပေါ်ထွန်းလာသည့် ပညာတတ်များ၊    ကျွမ်းကျင်သူများ၊    အသိပညာရှင်၊   အတတ်ပညာရှင်များ စွမ်းပကားဖြင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့်    ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို  တည်ဆောက်နိုင်မည်ဟု  ယုံကြည်ပါ သည်။           ။