တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့် အနုပညာများ မပျောက်ပျက်စေရန် နိုင်ငံတော်အစိုးရက အလေးပေးဆောင်ရွက်

မြိတ် ဇန်နဝါရီ   ၂


ကရင်အမျိုးသားနေ့          နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ရေပုန်းရပ်ရှိ မြိတ်ကက်သလစ်      ခရစ်ယာန်ပရဟိတဂေဟာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။


ရက်မြတ်အဖြစ်ဂုဏ်ယူ 


တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က   ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကရင်    အမျိုးသားအားလုံး၏    စည်းလုံးညီညွတ်ရေးကို        တည်ဆောက်ပေးခဲ့သော သမိုင်းဝင်နေ့လည်းဖြစ်ပြီး ထိုနေ့ကို  ကရင်တစ်မျိုးသားလုံး၏   မိဘဘိုးဘေး       တို့ထံမှ လက်ဆင့်ကမ်းပေးခဲ့သည့် တစ်ခုတည်းသော အမွေအနှစ်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ယူကြောင်း၊ ကရင်တိုင်းရင်းသားများတွင်  ချစ်စရာကောင်းသည့် ရိုးရာဓလေ့များစွာရှိကြောင်း၊ ထိုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းနှင့်အတူ မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာတေးသီချင်းများ၊ စကားထာများ၊ တူရိယာများ၊ ဝတ်စားဆင်ယင်မှုများကို   မူရင်းအနှစ်သာရများ မပျောက်ပျက်အောင် အစဉ်အမြဲထိန်းသိမ်းရန် လိုအပ် ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ စာပေနှင့် အနုပညာ များ မပျောက်ပျက်စေရန် နိုင်ငံတော်အစိုးရကလည်း  အားသွန်ခွန်စိုက် အလေးပေးဆောင်ရွက်လျက်ရှိ ကြောင်း နှစ်သစ်ကူးအမှာစကား ပြောကြားသည်။


ဆက်လက်၍    တိုင်းရင်းသားလူမျိုးများရေးရာ   ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးထံမှ  ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာကဖတ်ကြား၍ ကရင် နှစ်သစ်ကူးပွဲတော်   ကျင်းပရေးကော်မတီ (ဗဟို)ရန်ကုန်မှပေးပို့သည့် သဝဏ်လွှာအား နော်စိုးအိအိဇော် က ဖတ်ကြားသည်။     


ကရင်နှစ်သစ်ကူးပွဲတော်တွင်   ကရင်နှစ်သစ်ကူး ပွဲတော်သမိုင်းမှတ်တမ်းကို   ဖတ်ကြားခြင်း၊ ကရင် ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခြင်းဖြင့် ၂၀၂၂ ခုနှစ် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပသည်။


နှစ်သစ်ကူးပွဲတော်ကို  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြို့မိမြို့ဖများ၊  ဌာနဆိုင်ရာများ၊  ဖိတ်ကြားထားသောဧည့်သည်များ၊ မော်လမြိုင်  ကက်သလစ်သာသနာပိုင်   ဂိုဏ်းအုပ် ဆရာတော်၊ မြိတ်ကက်သလစ်သာသနာ ကျောင်းထိုင် ဆရာတော်  ဖာသာဘရူးနိုဖိလစ်နှင့် ကရင်တိုင်းရင်း သား၊  တိုင်းရင်းသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။  


ခိုင်ထူး(မြိတ် ပြန်/ဆက်)