
နေပြည်တော် ဇူလိုင် ၁၉
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့် လျက်ရှိသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်မှစပြီး နိုဝင်ဘာ ၃၀ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ၈ နာရီအထိ မွန်ဘာသာအစီအစဉ်၊ နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ‘ဝ’ ဘာသာအစီအစဉ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ကချင်ဘာသာအစီအစဉ်၊ ညနေ ၄ နာရီမှ ညနေ ၆ နာရီအထိ ကယား ဘာသာအစီအစဉ်၊ ညနေ ၆ နာရီမှ ည ၇ နာရီအထိ စကောကရင် ဘာသာအစီအစဉ်၊ ည ၇ နာရီမှ ည ၈ နာရီအထိ အနောက်ပိုးကရင် ဘာသာအစီအစဉ်၊ ည ၈ နာရီမှ ၉ နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ည ၉ နာရီမှ ၁၀ နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာအစီအစဉ်၊ ည ၁၀ နာရီမှ ၁၁ နာရီအထိ ချင်း(ချိုး)ဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်