တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

 

နေပြည်တော်   မတ်    ၂၇
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊  တိုင်းရင်း သားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့် မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ မှစပြီး မတ်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀) နာရီမှစပြီး ရခိုင်၊ ရှမ်း၊  ‘ဝ’၊  ကချင်၊   ကယား၊   စကောကရင်၊ အနောက်ပိုးကရင်၊         အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊   ချင်း (ချိုး)၊   မွန်ဘာသာ အစီအစဉ်များကို ည (၂၃:၀၀) နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီ (၁) ရက်နေ့မှစပြီး ဇူလိုင်လ (၃၁)ရက် နေ့အထိ နေ့စဉ် နံနက် (၆:၀၀) နာရီမှ (၈:၀၀) နာရီအထိ ရှမ်း ဘာသာအစီအစဉ်၊ နံနက် (၈:၀၀) နာရီမှ (၁၀:၀၀) နာရီအထိ ‘ဝ’ ဘာသာအစီအစဉ်၊ နံနက် (၁၀:၀၀)နာရီမှ နံနက်(၁၂:၀၀) နာရီအထိ ကချင် ဘာသာအစီအစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီမှ   မွန်းလွဲ   (၁၄:၀၀)    နာရီအထိ ကယားဘာသာအစီအစဉ်၊     မွန်းလွဲ (၁၄:၀၀) နာရီမှ ညနေ(၁၅:၀၀) နာရီ အထိ  စကောကရင် ဘာသာအစီအစဉ်၊ ညနေ (၁၅:၀၀) နာရီမှ ညနေ(၁၆:၀၀)နာရီအထိ    အနောက်ပိုးကရင်ဘာသာ  အစီအစဉ်၊    ညနေ   (၁၆:၀၀)     နာရီမှ (၁၇:၀၀)  နာရီအထိ    အရှေ့ပိုးကရင် ဘာသာ အစီအစဉ်၊ ညနေ(၁၇:၀၀) နာရီ မှ ည (၁၈:၀၀) နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ ည (၁၈:၀၀) နာရီမှ (၁၉:၀၀) နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ ၊ ည (၁၉:၀၀) နာရီမှ (၂၁:၀၀)နာရီအထိ မွန်ဘာသာ အစီအစဉ်၊ ည (၂၁:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ ရခိုင် ဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ     ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
သတင်းစဉ်