
နေပြည်တော် ဇူလိုင် ၂၂
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှစပြီး အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး) မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’၊ ကချင်၊ ကယား၊ စကောကရင်ဘာသာ အစီအစဉ်များကို ည(၂၃:၀၀)နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။
ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့မှစပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀)နာရီမှ (၇:၀၀) နာရီအထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်၊ နံနက် (၇:၀၀) နာရီမှ (၈:၀၀)နာရီ အထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ နံနက် (၈:၀၀) နာရီမှ နံနက်(၉:၀၀)နာရီအထိ ချင်း(ချိုး) ဘာသာအစီအစဉ်၊ နံနက် (၉:၀၀)နာရီမှ နံနက် (၁၁:၀၀)နာရီအထိ မွန်ဘာသာ အစီအစဉ်၊ နေ့လယ် (၁၁:၀၀)မှ မွန်းတည့်(၁၃:၀၀)နာရီအထိ ရခိုင်ဘာသာ အစီအစဉ်၊ မွန်းတည့် (၁၃:၀၀)နာရီမှ မွန်းလွဲ (၁၅:၀၀)နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ မွန်းလွဲ (၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီအထိ ‘ဝ’ ဘာသာ အစီအစဉ်၊ ညနေ (၁၇:၀၀)နာရီမှ ညနေ (၁၉:၀၀)နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ ညနေ (၁၉:၀၀) နာရီမှ ည (၂၁:၀၀)နာရီအထိ ကယားဘာသာ အစီအစဉ်၊ ည(၂၁:၀၀) နာရီမှ (၂၂:၀၀)နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ည(၂၂:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။
သတင်းစဉ်