တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား (ဒုတိယအကြိမ်) ကျင်းပ

 

နေပြည်တော်     ဩဂုတ်    ၂၄


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊  ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ငြိမ်းချမ်း ရေးဆိုင်ရာ  အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ    ဝန်ထမ်းများနှင့်    နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ  ပိုမိုသိရှိလာနိုင်ရေး အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနား(ဒုတိယအကြိမ်)ကို   ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒေါ်အေးနုစိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  အကြံပေး အဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊  ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အတွင်းရှိ  ချင်း၊   ရှမ်း၊  ကရင်၊ ရခိုင်နှင့်  လီဆူ တိုင်းရင်းသားစာပေနှင့်   ယဉ်ကျေးမှုအဖွဲ့များ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ 

 


နှုတ်ခွန်းဆက်စကား ပြောကြား


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏  လူမှုစီးပွား ဘဝ   ဖွံ့ဖြိုးတိုးတက်ရေးသည်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန်အမှီသဟဲပြုနေပါကြောင်း၊ ဝန်ထမ်း များအနေဖြင့်     တိုင်းရင်းသားရေးရာကိစ္စရပ်များ    ဆောင်ရွက်ရာ တွင်    မိမိတို့ရရှိလာမည့်    အသိပညာ၊   ဗဟုသုတများနှင့်ယှဉ်၍ တိုင်းရင်းသားများ၏   အကျိုးစီးပွားကို    ရှေးရှုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  ထို့ကြောင့်   ဟောပြောပို့ချချက်များကို   သေချာစွာ မှတ်သားပြီး     မိမိတို့လုပ်ငန်းများ    ဆောင်ရွက်ရာတွင်    အသိမှန်၊ ဆုံးဖြတ်ချက်မှန်ကန်စွာဖြင့်       ပိုမိုထိရောက်စွာ      ဆောင်ရွက်နိုင် ကြရန်     တိုက်တွန်းလိုပါကြောင်း    နှုတ်ခွန်းဆက်စကားပြောကြား သည်။

 


ရှင်းလင်းပြောကြား


ဆက်လက်၍      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်  ဒေါက်တာရင်ရင်နွယ်က   Perspective   on    the  United  Nations:   “Differential  Treatment  of  Different Countries” ကုလသမဂ္ဂနှင့်စပ်လျဉ်း၍  သုံးသပ်ချက်အချို့  “နိုင်ငံ အလိုက်  ခွဲခြားဆက်ဆံခြင်း”  ခေါင်းစဉ်ဖြင့်  ဟောပြောရာတွင်  UN Instruments များမှာ   AID, Sanction,   UN Peacekeeping,  R2P: Responsibility to Protect, Human Rights Law/ Agreement, Other Human Rights Instrument  နှင့်   ICJ တို့ဖြစ်ပါကြောင်း၊  ကုလသမဂ္ဂမှ    ထောက်ပံ့မှုများရသော်လည်း   ချမ်းသာသောနိုင်ငံ မဖြစ်နိုင်ပါကြောင်း၊ ပိတ်ဆို့မှုပြုလုပ်ခြင်းခံရသည့်နိုင်ငံတိုင်း တိုးတက် မှု မရှိနိုင်ပါကြောင်း၊ သို့ရာတွင် အဆိုပါပိတ်ဆို့ခံရသည့် နိုင်ငံ၏အစိုးရ အပေါ်   ထိရောက်သည့်   အကျိုးသက်ရောက်မှုမရှိပါကြောင်း၊   UN Peacekeeping   ဆိုသည်မှာ  အခြားနိုင်ငံများမှ   တပ်သားများအား ငှားရမ်းအသုံးပြုခြင်းဖြစ်ပါကြောင်း၊ R2P: Responsibility to Protect ဆိုသည်မှာ အားနည်းသူများကို ကာကွယ်ပေးရန်ဖြစ်ပါကြောင်း၊ R2P တွင် မျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများကျူးလွန်ခြင်း၊ မျိုးနွယ်စု    သုတ်သင်ရှင်းလင်းခြင်း၊ လူသားများအပေါ် ရာဇဝတ်မှုများကျူးလွန် ခြင်းတို့  ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ   တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်း၊    ကုလသမဂ္ဂလုံခြုံရေးကောင်စီက   ပို၍အရေးပါပါကြောင်း၊   အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး   အမြဲတမ်းအဖွဲ့ဝင်  ငါးနိုင်ငံနှင့်  အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံရှိပါကြောင်း၊   ဆုံးဖြတ်ချက်များအပေါ်    ဗီတိုအာဏာဖြင့် ကန့်ကွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒေါ်အေးနုစိန်က “စာပေစွမ်းအား၊ ပြည်ထွန်းကား” ခေါင်းစဉ်ဖြင့်  ဟောပြောရာတွင်  စာပေအားဖြင့် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး၏ ယဉ်ကျေးမှု  ဓလေ့ထုံးတမ်းများကို      သိရှိနားလည်နိုင်သဖြင့်    တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ရစေပြီး စည်းလုံးညီညွတ်မှုကို   ပိုမိုရရှိ စေနိုင်ကြောင်းကို ဖတ်ရှုမှတ်သားခဲ့ရသည့် ဝတ္ထု၊ ကဗျာ၊ စာအုပ်စာပေ များကို ဘဝအတွေ့အကြုံများနှင့် ကိုးကား၍လည်းကောင်း၊ စာပေ ဖတ်ခြင်းအားဖြင့် အသိပညာရရှိပြီး ထိုအသိပညာဖြင့် လက်တွေ့ကျကျ ဘဝများကို  အသုံးချနိုင်ပါက  တစ်ဦးတစ်ယောက်မှ  တစ်စုတစ်ဖွဲ့၊ လူ့ဘောင်သစ်၊ နိုင်ငံသစ်နှင့် ငြိမ်းချမ်းရေးသည် လက်တစ်ကမ်းအကွာ တွင်  ရှိနေပါကြောင်း၊ သို့ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း ဖြင့် မရနိုင်ပါကြောင်း၊   စာပေထဲမှ   ရရှိသည့်အသိဖြင့် အများကောင်းကျိုး၊ လောကကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးများကို စွမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 


မေးမြန်းဆွေးနွေး


ယင်းနောက် ဆွေးနွေးဟောပြောမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် တို့က ပြန်လည်ဖြေကြားကြသည်။
 ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။        

                           

သတင်းစဉ်