တိုင်းရင်းဆေးကို ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  စက်တင်ဘာ   ၂


တိုင်းရင်းဆေးကို ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ကုသရေး    လုပ်ငန်းများတွင်    အသုံးပြုရန်နှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲ    ၂  နာရီတွင်      ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Center ခန်းမ၌ ကျင်းပသည်။


တိုင်းရင်းဆေးဝါးများ ပြန်လည်ဖော်ထုတ်


အစည်းအဝေးတွင်   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က မြန်မာ့တိုင်းရင်းဆေးပညာသည်      အများပြည်သူ အားကိုးအားထားပြုရသော ပညာရပ်ဖြစ်ပါကြောင်း၊  တိုင်းရင်းဆေးကျမ်းများတွင် ရှေးယခင်ကတည်းက  အဖျားရောဂါများနှင့်    ပတ်သက်၍     ကုသခဲ့သော တိုင်းရင်းဆေးဝါးများရှိကြောင်း၊         မာဓဝနိဒါန်း ဆေးကျမ်းတွင်လည်း ဝိသမအဖျား အမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သော တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ် အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ သော တိုင်းရင်းဆေးဝါးများကို ပြန်လည်ဖော်ထုတ်၍  ကိုဗစ်-၁၉ ရောဂါတွင် အသုံးပြုနိုင်ရန် ဆောင်ရွက် သင့်ကြောင်း။
 နိုင်ငံတကာတွင်လည်း ဆေးဖက်ဝင်အပင်များ ဖြင့် ကိုဗစ်-၁၉ ရောဂါအတွက်အသုံးပြုရန် သုတေ သနများ ပြုလုပ်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်း ဆေးဝါးများကို ပြန်လည်ဖော်ထုတ် အသုံးပြုရာ တွင် Ethical Board အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် အသုံးပြုမည့် တိုင်းရင်း ဆေးဝါးကို Clinical Research လုပ်ရန်လိုကြောင်း၊  သုတေသနလုပ်ငန်းများ       ဆောင်ရွက်ရာတွင် ဆေးသုတေသနဦးစီးဌာနနှင့်  တပ်မတော်ဆေးသုတေ သနတပ်တို့ကလည်း    ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။


အဆင့်မြင့်နည်းပညာဖြင့် ထုတ်ရန်လို


ဆေးဝါးများကို အသုံးပြုရာတွင် လူနာအတွက် Safety   ဖြစ်ဖို့    အရေးကြီးပါကြောင်း၊    Patient Safety   အတွက်   IRB  (Institutional    Review Board)  သို့တင်ပြ၍ စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊   ထိုသို့ဆောင်ရွက်၍   အသုံးပြုရာမှ အကျိုးသက်ရောက်မှုရှိပါက  ပြည်သူများအတွက် အမြောက်အမြားထုတ်လုပ်ပေးနိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရေရှည်တွင်ဆေးခါးကြီးကဲ့သို့ ဆေးဖက် ဝင် အပင်များ၊ ကုန်ကြမ်းများ လုံလောက်စွာရရှိနိုင်ရန် အတွက် ဆေးပင်များကို အဆင့်မြင့်နည်းပညာဖြင့်  စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက် နေသည်များရှိကြောင်း၊ လက်ရှိအသုံးပြုနေသော တိုင်းရင်းဆေးခန်းသုံး ဆေးအဖုံများကို အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ကုသမှုတွင် စနစ်တကျ စမ်းသပ် အသုံးပြုရန် စီစဉ်နေပါကြောင်း ပြောကြားသည်။


ညှိနှိုင်းဆွေးနွေး


ထို့နောက် တက်ရောက်လာသူများက တိုင်းရင်း ဆေးဝါး   သုတေသနလုပ်ငန်းများ    ဆောင်ရွက်ရန် အတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်း ဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊  တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ      အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းနှင့် တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းတို့မှ    ကိုယ်စားလှယ်များနှင့်     ညှိနှိုင်း ဆွေးနွေးထားရှိသည့်     အခြေအနေ၊      Clinical Research ဆောင်ရွက်ရန် Proposal ပြင်ဆင်ထားမှု၊ သုတေသန    စာတမ်းတစ်ခုအနေဖြင့်    သုတေသန လုပ်ငန်းလည်း   ပီပြင်အောင်   ဆောင်ရွက်ရမည့် သုတေသနနည်းလမ်းများ၊ တိုင်းရင်းဆေးရုံ/ဆေးကု ဌာနများတွင် ကိုဗစ်-၁၉ Asymptomatic to Mild  Symptoms လူနာများအား တိုင်းရင်းဆေးဝါးများဖြင့် တိုက်ကျွေးရန် စီစဉ်ထားရှိမှု၊ ရေရှည်တွင် ကုန်ကြမ်း များရရှိရန် ဆေးခါးကြီးပင်များကို တိုင်းရင်းဆေး  ပညာဦးစီးဌာနရှိ ပရဆေးဥယျာဉ် (၈) ခု၌ စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ တပ်မတော်ဆေး သုတေ သနတပ်၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ တိုင်းရင်း ဆေးနှင့် ပတ်သက်၍ နနွင်း၊ သစ်ကြံပိုး၊ တမာ၊ ချင်း၊ နွယ်ချို  တို့၏  Acute Toxicity, Heavy Metals, Immunomodulatory, Antiinflammatory Test များ ဆောင်ရွက်ထားရှိမှု၊  ဆေးပင်များ   ပေါက်ရောက် ရာ ရေမြေသဘာဝမတူညီ၍ Bioactive Compound များ ပါဝင်မှုကို လေ့လာနေမှု၊ ဆေးခါးကြီး   Extract ထုတ်၍ Capsule Filling ဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။


အစည်းအဝေးသို့  ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့်  တာဝန်ရှိသူများ၊ တပ်မတော်ဆေး သုတေသနတပ်   တပ်မှူး  ဗိုလ်မှူးချုပ်ကြီးမြင့်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ  ချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။   

 
           သတင်းစဉ်