တိုင်းရင်းဆေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   စက်တင်ဘာ    ၂ 


တိုင်းရင်းဆေးကို  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့်ပတ်သက် ၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန    COVID-19  Central Command Center ခန်းမ၌ ကျင်းပသည်။


ပြန်လည်ဖော်ထုတ်


အစည်းအဝေးတွင်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်ခိုင်ဝင်းက  မြန်မာ့တိုင်းရင်းဆေးပညာသည်   အများပြည်သူ အားကိုးအားထားပြုရသောပညာရပ်  ဖြစ်ကြောင်း၊ တိုင်းရင်းဆေးကျမ်းများတွင် ရှေးယခင်ကတည်းက  အဖျားရောဂါများနှင့်ပတ်သက်၍       ကုသခဲ့သော တိုင်းရင်းဆေးဝါးများရှိကြောင်း၊    မာဓဝနိဒါန်း ဆေးကျမ်းတွင်လည်း ဝိသမအဖျား အမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သော တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ် အသုံးပြုထားသည်ကို    တွေ့ရကြောင်း၊   ထိုကဲ့သို့ သော တိုင်းရင်းဆေးဝါးများကို ပြန်လည်ဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါအတွက် အသုံးပြုနိုင်ရန် ဆောင် ရွက်သင့်ကြောင်း။


 နိုင်ငံတကာတွင်လည်း ဆေးဖက်ဝင်အပင်များ ဖြင့် ကိုဗစ်-၁၉ ရောဂါအတွက်အသုံးပြုရန် သုတေ သနများပြုလုပ်သည်ကို  တွေ့ရကြောင်း၊  တိုင်းရင်း ဆေးဝါးများကို ပြန်လည်ဖော်ထုတ် အသုံးပြုရာတွင် Ethical Board အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုတေသန လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက်  အသုံးပြုမည့် တိုင်းရင်းဆေးဝါးကို Clinical Research လုပ်ရန်လိုကြောင်း၊ သုတေသန လုပ်ငန်းများဆောင်ရွက်ရာတွင်    ဆေးသုတေသန ဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်တို့က လည်း ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။ 


အကျိုးသက်ရောက်မှုရှိပါက


ဆေးဝါးများကို အသုံးပြုရာတွင် လူနာအတွက် Safety ဖြစ်ရန် အရေးကြီးကြောင်း၊ Patient Safety အတွက် IRB (Institutional  Review  Board)သို့ တင်ပြ၍ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်၍ အသုံးပြုရာမှ အကျိုးသက်ရောက် မှုရှိပါက   ပြည်သူများအတွက်   အမြောက်အမြား ထုတ်လုပ်ပေးနိုင်ရန်     လိုအပ်မည်ဖြစ်ကြောင်း၊ ရေရှည်တွင်  ဆေးခါးကြီးကဲ့သို့  ဆေးဖက်ဝင်အပင် များ၊ ကုန်ကြမ်းများ လုံလောက်စွာရရှိနိုင်ရန်အတွက် ဆေးပင်များကို အဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းဆေးပညာ  ဦးစီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေသည် များရှိကြောင်း၊ လက်ရှိအသုံးပြုနေသော တိုင်းရင်း ဆေးခန်းသုံးဆေးအဖုံများကို အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကုသမှုတွင် စနစ်တကျ စမ်းသပ်အသုံးပြုရန် စီစဉ်နေကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသူများက တိုင်းရင်း ဆေးဝါးသုတေသနလုပ်ငန်းများ  ဆောင်ရွက်ရန် အတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်း ဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာ နိုင်ငံ   တိုင်းရင်းဆေးဆရာအသင်းနှင့်    တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းတို့မှ    ကိုယ်စားလှယ်များနှင့်   ညှိနှိုင်း ဆွေးနွေးထားရှိသည့်အခြေအနေ၊ Clinical Research ဆောင်ရွက်ရန် Proposal ပြင်ဆင်ထားမှု၊ သုတေသန စာတမ်းတစ်ခုအနေဖြင့် သုတေသနလုပ်ငန်းလည်း ပီပြင်အောင် ဆောင်ရွက်ရမည့်သုတေသနနည်းလမ်း များ၊      တိုင်းရင်းဆေးရုံ/ဆေးကုဌာနများတွင် ကိုဗစ်-၁၉ Asymptomatic to Mild Symptoms လူနာများအား တိုင်းရင်းဆေးဝါးများဖြင့် တိုက်ကျွေး ရန်စီစဉ်ထားရှိမှု၊ ရေရှည်တွင် ကုန်ကြမ်းများရရှိရန် ဆေးခါးကြီးပင်များကို   တိုင်းရင်းဆေးပညာဦးစီး ဌာနရှိ ပရဆေးဥယျာဉ် ရှစ်ခု၌ စိုက်ပျိုးထားရှိမှုအခြေ အနေများ၊   တပ်မတော်   ဆေးသုတေသနတပ်၌ နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ တိုင်းရင်းဆေးနှင့်ပတ်သက် ပြီး နနွင်း၊ သစ်ကြံပိုး၊ တမာ၊ ချင်း၊ နွယ်ချိုတို့၏ Acute Toxicity၊  Heavy  Metals၊  Immunomodulatory၊ Antiinflammatory Test များ ဆောင်ရွက်ထားရှိမှု၊ ဆေးပင်များ ပေါက်ရောက်ရာ ရေမြေသဘာဝမတူညီ ၍ Bioactive Compound များပါဝင်မှုကို လေ့လာ နေမှု၊ ဆေးခါးကြီး Extract ထုတ်၍ Capsule Filling ဆောင်ရွက်နေမှုများကို ဆွေးနွေးကြသည်။


အစည်းအဝေးသို့  ဒုတိယဝန်ကြီး  ဒေါက်တာ အေးထွန်းနှင့်  တာဝန်ရှိသူများ၊ တပ်မတော်ဆေး သုတေသနတပ်  တပ်မှူး ဗိုလ်မှူးချုပ်ကြီးမြင့်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။                    

 

 သတင်းစဉ်