တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရန်၊ ဆက်သွယ်ရေးစနစ်  လျင်မြန်ကောင်းမွန်ရန်၊ လျှပ်စစ်စွမ်းအားရရှိရန် လိုအပ်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးကောင်းမွန်ရမည်


မိမိတို့အနေဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိ

နေပြည်တော်     ဇန်နဝါရီ     ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။                                                                        


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ မန်းငြိမ်းမောင်၊  ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်   ဦးတင်ထွဋ်ဦး၊    ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊  ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊  ဦးရွှေလေး၊   တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်စောသန်းလှိုင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှင်းလင်းတင်ပြ


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက   ဒေသဆိုင်ရာအချက်အလက်များ၊     ရေထွက် သယံဇာတများ    ထုတ်လုပ်ရေးနှင့်  မွေးမြူရေး ဆောင်ရွက်နေမှု အခြေအနေ၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရေပေးဝေရေးစီမံကိန်းများ ဆောင်ရွက် ထားရှိမှုနှင့်    ရေချိုရေသန့်ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ရေထွက်ပစ္စည်းကုန်ချောထုတ်လုပ် မည့်  စက်မှုဇုန်တည်ဆောက်ရန်  လျာထားစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊  လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့် ရေအားလျှပ်စစ်စီမံကိန်းများရှိ ဓာတ်အား ပေးစက်ရုံများကို စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းပြီး လျှပ်စစ်ဓာတ်အားများကို ဖြန့်ဝေသုံးစွဲနိုင်မည့်အခြေ အနေနှင့်  လေအားလျှပ်စစ်စီမံကိန်းများ  ဆောင်ရွက် နေမှုအခြေအနေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊  ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ  အချက်အလက်များ၊  ပန်းခင်းစီမံချက်ဖြင့် အသက်အရွယ်ပြည့်မီသူ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး ဆောင်ရွက်နေမှု အခြေအနေ၊  တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေနှင့်  ရှေ့ဆက် ဆောင်ရွက်သွားမည့်အခြေအနေများကို  ရှင်းလင်း တင်ပြသည်။


တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊   ဒေါက်တာညွန့်ဖေ၊   ဦးရွှေလေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို    ပြန်လည် ရှင်းလင်းပြောကြားရာ၌ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းတို့တွင် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲခွင့်ပြုပေးထားသည့်အခြေအနေ၊  ရထား ပို့ဆောင်ရေးတွင် ခရီးသည်များပိုမိုလိုက်ပါနိုင်စေရေးနှင့်  ကုန်စည်စီးဆင်းမှုများ  ပိုမိုမြန်ဆန်စေရေး တို့အတွက် လမ်းကြောင်းသစ်များကို သုတေသနပြု ရွေးချယ်ဆောင်ရွက်လျက်ရှိသည့်    အခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပို့ဆောင်ဆက်သွယ် ရေးဆိုင်ရာ    လိုအပ်ချက်များကို  အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည့် အခြေအနေ။


ရှင်းလင်းပြောကြား

 


 တိုင်းဒေသကြီးအတွင်း  မြေသယံဇာတများ ပေါကြွယ်ဝစွာရှိသည့်အတွက်  ဒေသနှင့်ကိုက်ညီ သည့်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊  စက်မှု လယ်ယာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်   ပေါင်းစပ်ညှိနှိုင်း၍    အောင်မြင်အောင် လုပ်ဆောင်နိုင်မည့်အခြေအနေ၊   ငါးသယံဇာတ ထုတ်ယူမှုတွင် သဘာဝအတိုင်း  ထုတ်ယူခြင်းအပြင် ဈေးကွက်မှလက်ခံနိုင်သည့်   သဘာဝအတိုင်း လှောင်၍    မွေးမြူသည့်နည်းစနစ်ဖြင့်   မွေးမြူ     ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသည့်အခြေအနေ၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေးအတွက် အသေးစား၊ အလတ်စားလုပ်ငန်းများ    လုပ်ဆောင်နိုင်ရေး နည်းပညာမျှဝေပေးခြင်းများ၊     အရင်းအနှီးများ မတည်ဆောင်ရွက်ပေးခြင်းများ  လုပ်ဆောင်ပေး လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီးအတွင်းရှိ မြေပေါ်၊ မြေအောက်၊  ရေပြင်၊ ရေအောက်သယံဇာတ များနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုအခြေ အနေများကို ဆက်လက်ထိန်းသိမ်းရေးနှင့် အဏ္ဏဝါ ဂေဟစနစ် ပျက်ယွင်းမှုမရှိစေရေး နိုင်ငံတော်အဆင့် ဖြင့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။


 တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများကို ပေးဆောင်ရသည့် ဓာတ်အားခနှင့် ကိုက်ညီစွာသုံးစွဲ နိုင်ရေး၊ နိုင်ငံအဝန်း လျှပ်စစ်ဓာတ်အားများကို အပြည့် အဝဖြန့်ဖြူးနိုင်ရေးတို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့်  စီမံကိန်းများကို  ဆောင်ရွက်နေ သည့် အခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ်  ဆောင်ရွက်၍   အသက် အရွယ်ပြည့်မီသူ နိုင်ငံသားတိုင်း  နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်တို့တွင် ယခင် သင်ကြားပေးလျက်ရှိသည့်  ဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာ    ဘာသာရပ်နှင့်  ဥပဒေဆိုင်ရာ ဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေနှင့် ဒေသနှင့်ကိုက်ညီသည့် ရေထွက်သယံဇာတထုတ်ယူခြင်း၊  ထိန်းသိမ်းခြင်း လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက်  အဏ္ဏဝါသိပ္ပံဘာသာရပ်  လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေ။


တနင်္သာရီတိုင်းဒေသကြီးအတွင်း    လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်ရေးအတွက်  လမ်းနှင့် တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေနှင့်    ကျေးလက်လမ်းတံတား များကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိ သည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရောဂါကူးစက်ဖြစ်ပေါ်ခဲ့မှုအခြေအနေနှင့်  လက်ရှိ အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုး အတည်ပြုလူနာတွေ့ရှိမှုနှုန်းကို လျှော့ချနိုင်ခဲ့ပြီးဖြစ် သည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ဖြစ်ပေါ်မှုကို   ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကာကွယ်ဆေးထိုး လုပ်ငန်းများကို  အင်တိုက်အားတိုက်  ဆောင်ရွက် လျက်ရှိပြီး   တနင်္သာရီတိုင်းဒေသကြီးအတွင်း           ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။


မဲမသမာမှုများဖြစ်ပေါ်ခဲ့


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ပြီးခဲ့ သည့်  ရွေးကောက်ပွဲကာလတွင်   မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်  နိုင်ငံရေးအရ  အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံရေးအပြောင်းအလဲ များ  ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း၊   တပ်မတော် အနေဖြင့် ထိုကဲ့သို့မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်း ဆောင်ရွက်ပေးရန်  မည်သို့ပင်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့်    ဖြေရှင်းဆောင်ရွက် ပေးခဲ့ခြင်းမရှိခဲ့ကြောင်း။


တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည့်အတွက်    ပြည်သူတို့လိုလား တောင့်တနေရသည့်  ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက် ခဲ့ပြီး ယခင်တပ်မတော်အစိုးရလက်ထက် ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင်  နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာပြီး       ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊  ၂၀၀၈ ခုနှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၉၂ ဒသမ ၁၈ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို  အတည်ပြုခဲ့ပြီး  ပြည်သူတို့လိုလားတောင့်တ သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိ အောင် လုပ်ဆောင်ပေးခဲ့ကြောင်း၊  ဒီမိုကရေစီပထမ သက်တမ်းကာလ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် နိုင်ငံရေး၊  စီးပွားရေး၊ အုပ်ချုပ်ရေး အကျပ်အတည်းများ၊ ပြင်ပနိုင်ငံများ၏ ဖိအားပေးမှု များနှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ခက်ခက် ခဲခဲဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း။


ယုံကြည်မှုနည်းပါးလာ


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိ ခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင်  မဲဆွယ်စည်းရုံးစဉ်ပြောကြားချက်များ၊  ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်မှုအားနည်းချက်နှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကြောင့် ပြည်သူ လူထုအနေဖြင့် ရွေးကောက်တင်မြှောက်သည့် အစိုးရ အပေါ် ယုံကြည်မှုနည်းပါးလာပြီး No Vote လှုပ်ရှားမှု များ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် NLD အစိုးရအနေဖြင့်  ရွေးကောက်ပွဲ အတွက်   စိုးရိမ်ပူပန်မှုများ  ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ  ၂၀၁၉ ခုနှစ်၊   ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ လုပ်သည့်အခါတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ၁၄ ရာခိုင် နှုန်းခန့်သာ မဲပေးခဲ့ပြီး လူဦးရေ ၁၀၀ လျှင် ၁၄ ဦး ခန့်သာ မဲပေးခဲ့သည်ကို   တွေ့ရှိကြောင်း၊  ထိုကဲ့သို့ No Vote လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းဖြင့်  တရား မျှတသည့်  ရွေးကောက်ပွဲဖြစ်မည်မဟုတ်ဘဲ  ဆန္ဒမဲ  ပေးသူများအနေဖြင့် မိမိတို့ဆန္ဒနှင့် ကိုက်ညီသည့် ရွေးကောက်ခံအစိုးရကို  ရရှိနိုင်မည်မဟုတ်သဖြင့် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် ဆန္ဒမဲ များပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း။


NLD အစိုးရအနေဖြင့်  ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် No Vote လှုပ်ရှားမှုများ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက် ပွဲအတွေ့အကြုံများအရ  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ပါတီများ၏  မဲဆွယ်စည်းရုံးရေးဆောင်ရွက်မှုများ တွင်လည်း    အမိန့်အမျိုးမျိုးထုတ်ပြန်ခဲ့ကြောင်း၊ ရွေးကောက်ပွဲရလဒ်များကြေညာသည့်အချိန်တွင် မဖြစ်နိုင်သည့် မသင်္ကာဖွယ်ရာ မဲရလဒ်များ ထွက်ပေါ် လာခဲ့သည်ကို  တွေ့ရှိခဲ့ရကြောင်း၊  တနင်္သာရီတိုင်း ဒေသကြီး                        

 

c စာမျက်နှာ ၃ မှ
တစ်ခုတည်းအတွင်း၌ပင်  မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း   ၃ သိန်း  ၄ သောင်းကျော်ရှိခဲ့ပြီး ထိုအထဲတွင် အသက် ၁၀၀ နှစ်အထက် ၇၀၈ ဦးအထိ ပါဝင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း၊  ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများအား ကျွမ်းကျင်ကွန်ပျူတာ ပညာရှင်များဖြင့်     စိစစ်ဆောင်ရွက်ခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့်    မဲစာရင်းများတွေ့ရှိရပြီး သတင်းများထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ မဲစာရင်းများ ကြီးမားစွာ  ကွဲလွဲနေမှုများကို  ဖြေရှင်းဆောင်ရွက် ပေးရန်   တာဝန်ရှိသူအဖွဲ့အစည်းအဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိသည့်အပြင်   နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော် ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာကာ ယာယီ သမ္မတ၏ တာဝန်လွှဲအပ်ချက်အရ  တပ်မတော်က နိုင်ငံတော်၏ တာဝန်များကို  တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။


ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်


မိမိတို့အနေဖြင့်     နိုင်ငံတော်၏အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှု ရှိစေရေး   ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ် သဖြင့်      နိုင်ငံတော်၏တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက်   မျှတအောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်အဆင့် အုပ်ချုပ်ရေးကောင်စီများဖွဲ့စည်းရာတွင် အရပ်သား များဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ဆက်လက် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊  နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီအနေဖြင့်  ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ် ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင်   ပါဝင်သည့်  ပထမအချက်ဖြစ်သော               ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေ နှင့် ဆက်လက်လုပ်ဆောင်မည် ဆိုသည့်အတိုင်း မဲစာရင်းမှားယွင်းမှုများနှင့်  ပတ်သက်၍  ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း။


အခက်အခဲမျိုးစုံကြားမှ


ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေး လုပ်ငန်းများသည် အလွန်အရေးကြီးပြီး မိမိတို့အနေ ဖြင့်   တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့်  ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ လူ့အသက်ထက် အရေးကြီး တာ ဘာမှမရှိသည့်အတွက်  ကျန်းမာရေးဝန်ထမ်း အခက်အခဲ၊ ကာကွယ် ကုသထိန်းချုပ်ရေး ဆေးဝါး များ၊ ပစ္စည်းများ စသည့် အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ခံဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးရရှိရေးအတွက်  ယခင်အစိုးရလက်ထက်တွင် အိန္ဒိယမှ မှာယူထားခဲ့ပြီးဖြစ်သော်လည်း အိန္ဒိယ နိုင်ငံတွင်  ရောဂါဖြစ်ပွားမှုများ   များပြားလာသည့် အတွက် ရောက်ရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊  ထို့ကြောင့် ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံပေါင်းစုံနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး  ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို ရည်မှန်းဆောင်ရွက်ခဲ့သည့် အတိုင်း ဒီဇင်ဘာလကုန်တွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။


မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကိုင်ပြီး  အခြေခံရှိသည့်   တိုင်းပြည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းများကို  အရှိန်အဟုန် မပြတ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက်  လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရန်၊ ဆက်သွယ်ရေးစနစ် လျင်မြန်ကောင်းမွန်ရန်၊ လျှပ်စစ် စွမ်းအားရရှိရန်   လိုအပ်မည်ဖြစ်ပြီး  ပညာရေး၊ ကျန်းမာရေး ကောင်းမွန်ရမည်ဖြစ်ကြောင်း။


ငြိမ်းချမ်းရေးနှင့်    ပတ်သက်၍  ယခုနှစ်သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့သည်   စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် စိန်ရတုအကြိုကာလဖြစ်ကြောင်း၊ ၇၅ နှစ်တာကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ် အခြာအာဏာ ပိုမိုခိုင်မာစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်    ငြိမ်းချမ်းရေးရရှိရန်မှာ အရေးကြီးကြောင်း၊   နိုင်ငံရေး၊  တိုင်းရင်းသားရေး၊ ဘာသာရေးအရ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး မိမိတို့လျှောက်လှမ်းနေသည့် ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တစ်ယောက်တစ်မျိုးဖြစ်နေ၍ ရမည်မဟုတ်ဘဲ နိုင်ငံသားတိုင်း တူညီသည့်အခွင့် အရေးရရှိရမည်ဖြစ်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း နိုင်ငံသားတစ်ဦးချင်း ၏  ရပိုင်ခွင့်နှင့်ပတ်သက်၍  အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန် မျှတသည့်   ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးတွင်   လက်နက်ကိုင်အဖွဲ့အစည်း အားလုံး   ဥပဒေနှင့်အညီ    ပါဝင်လာမှသာလျှင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာ မည်ဖြစ်ကြောင်း၊    ထို့ကြောင့်  ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးရရှိရေးအတွက်   ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး   ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ပြုလုပ်ဆောင်ရွက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  NCA တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများ ပါဝင် လာနိုင်စေရေး အလွတ်သဘော ဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။


တိုးတက်မှုဖြစ်ပေါ်လာအောင်


လူတို့တွင် တိုးတက်ကြီးပွားလိုစိတ်ရှိပါက ရပ်နေ၍ ရမည်မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်နေမှသာလျှင် တိုးတက်မှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း  တိုးတက်မှု ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ပါက ပြိုကျသွား နိုင်မည်ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့်  နိုင်ငံတော်ကို တည်ဆောက်ရာတွင် သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို   ရည်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆန် ဖူလုံမှု ၇၀ ရာခိုင်နှုန်းသာရှိပြီး လိုအပ်သည်များကို ပြင်ပမှ ဝယ်ယူနေရသည်ကို တွေ့ရှိရကြောင်း၊ စားကုန်၊ သုံးကုန်၊  သောက်ကုန်ပစ္စည်းများကို  မိမိဒေသ အတွင်း၌ ဖူလုံအောင်ဆောင်ရွက်နိုင်မည်၊ ထုတ်လုပ် နိုင်မည်ဆိုပါက ဒေသတွင်းရှိ ငွေကြေးများ ပြင်ပသို့ ရောက်ရှိတော့မည် မဟုတ်ဘဲဒေသတွင်း ငွေကြေး လည်ပတ်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကာ ဒေသခံ များ၏ ချမ်းသာကြွယ်ဝမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ် ကြောင်း၊ ဆန်အထွက်နှုန်း တစ်ဧက တင်း ၇၀ ခန့်သာ ရှိသဖြင့် တင်း ၁၀၀ ထွက်အောင်ကြိုးစားဆောင်ရွက် ပြီး ဒေသတွင်း ဆန်ဖူလုံမှုရှိအောင် လုပ်ဆောင်ကြစေ လိုကြောင်း။
မည်သည့် စိုက်ပျိုးရေးကို လုပ်ဆောင်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ပါက အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ မျိုးကောင်းရမည်၊  မြေကိုစနစ်တကျ ပြုပြင်ရမည်၊ သဘာဝ မြေဩဇာများကို ထုတ်လုပ်၍ နည်းစနစ်တကျသုံးစွဲနိုင်ရမည်၊   အထွက်နှုန်း ကောင်းမွန်မည့် မှန်ကန်သည့် စိုက်နည်းစနစ်များကို အသုံးပြုရမည် ဖြစ်ပြီး မွေးမြူရေးဆောင်ရွက်သည် ဖြစ်စေ၊  စိုက်ပျိုးရေးဖြစ်စေ  အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် ကောင်းမွန်သည့် ရေအရင်းအမြစ်များ ရရှိအောင်လည်း   ဆောင်ရွက်ပေးနိုင်ရမည်ဖြစ် ကြောင်း။


ရေထွက်လုပ်ငန်းနှင့်  ပတ်သက်၍  အဓိကထား ဆောင်ရွက်ကြသည်ဖြစ်သော်လည်း အခြား ကြက်၊ ဝက်၊ အမဲ၊ ဆိတ် မွေးမြူရေးလုပ်ငန်းများကိုလည်း နည်းလမ်းစနစ်တကျဖြင့်  ဆောင်ရွက်မည်ဆိုပါက ဒေသစီးပွားရေးကို အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊   ဒေသတွင်းဖူလုံရေးကို  ဦးစားပေး ဆောင်ရွက်ပြီး  ထိုမှတစ်ဆင့်  အေးခဲအသားငါးနှင့် အသားခြောက်များကို   ပြည်ပနိုင်ငံများသို့  တင်ပို့ ဆောင်ရွက်နိုင်ရေး  ဈေးကွက်ရှာ  ဆောင်ရွက်ကြစေ လိုကြောင်း၊ တင်ပို့နိုင်ရေးအတွက်လည်း ရေကြောင်း လမ်းများ၊ လေကြောင်းလမ်းများ စသည့်  ကောင်းမွန် သည့် အခွင့်အရေးများ ရှိပြီးဖြစ်သဖြင့် အောင်မြင် အောင် လုပ်ဆောင်ကြစေလိုကြောင်း။


ကျန်းမာရေးနှင့်  ပတ်သက်၍  မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အာဆီယံတွင် အနိမ့်ဆုံး ဖြစ်ပြီး ၆၇ နှစ်သာရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများနည်းတူ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေး    အာဟာရပြည့်ဝစွာ စားသောက်ရန်နှင့်  ကျန်းမာရေးနှင့်  ညီညွတ်မျှတ သည့် နေထိုင်သွားလာလှုပ်ရှားမှုများ  ရှိရန်လိုအပ် မည်ဖြစ်ကြောင်း၊ ဆန်ကို ဗဟိုပြု၍ အခြားသားငါး သီးနှံတို့ကို  စားသောက်ခြင်းဖြစ်သည့်အတွက် အာဟာရပြည့်ဝအောင် စားသောက်ကြရမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင်  ငါးမျိုးစုံကို ရွေးချယ် စားသုံးနိုင်ပြီး အခြားအသား ငါး၊ ဟင်းသီးဟင်းရွက် များလည်း ပြည့်စုံစွာ ရရှိနိုင်ပြီးဖြစ်သဖြင့် ပြည့်ပြည့် ဝဝစားသုံးကာ   ကျန်းမာရေးကဏ္ဍကို   မြှင့်တင် ဆောင်ရွက်ကြစေလိုကြောင်း။


ပညာရေးကို အားပေးကြရန်လို


ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကျောင်းနေသူ     ရာခိုင်နှုန်းနှင့်  စာတတ်မြောက်သူ ရာခိုင်နှုန်းနည်းပါးလျက်ရှိသဖြင့်    ပညာရေးကို အားပေးကြရန် လိုအပ်မည်ဖြစ်ပြီး အသိပညာ၊ အတတ် ပညာရှင်များပေါ်ထွက်လာမှသာလျှင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊   မိမိတို့၏  မျိုးဆက်သစ်လူငယ် လူရွယ်များကို  ကောင်းမွန်သည့်  စာပေပညာအမွေ အနှစ်များ    သင်ကြားပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊  တက္ကသိုလ်ပညာ များ သင်ကြားပေးနေခြင်းသည် မိမိတို့တစ်ဦးချင်းစီ၏ ရှေ့ဆက်ရမည့်ဘဝခရီးတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင်ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိ အောင်ယူကြစေလိုကြောင်း၊ အစိုးရကောင်းစေလိုခြင်း မဟုတ်ကြောင်း၊  စစ်တမ်းများအရ  ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းစတင်တက်ရောက်သူ ဦးရေ ၁ ဒသမ ၅ သန်း ရှိပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိခဲ့သူ ၂ သိန်း ၇ သောင်းကျော်ခန့်သာရှိခဲ့ သဖြင့် ကျောင်းစတင်တက်ရောက်ခဲ့သူများအနက် ၉၀ ရာခိုင်နှုန်းသည် တက္ကသိုလ်ဝင်တန်းအောက် ပညာအရည်အချင်း၌သာရှိသည်ကို  တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ပညာရည်အဆင့် အတန်းမြင့်မားစေရေးအတွက် ပညာရေးကို အားပေး ဆောင်ရွက်ကြရန်လိုပြီး အမှန်တကယ် တတ်မြောက် အောင် လေ့ကျင့် သင်ကြားပေးကြရမည်ဖြစ်ကြောင်း။
ဖိတ်ခေါ်ဆောင်ရွက်ကြစေလို
စီးပွားရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင် ကြစေလိုပြီး  သယံဇာတပေါကြွယ်ဝမှုနှင့်  နေရာ အချက်အချာကျမှုကို  အခြေခံ၍  ဒေသခံပြည်သူ လူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ပေးရန်လိုကြောင်း၊  ဒေသတွင်း  လျှပ်စစ်ဖူလုံရေး အစိုးရမှ လုပ်ဆောင်ပေးမည်ဖြစ်သော်လည်း လျှပ်စစ် ဓာတ်အားခ သက်သာစေသည့် LED မီးအမျိုးအစား များကို  သုံးစွဲခြင်းဖြင့်လည်း   လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို သက်သာအောင် တစ်ဖက်တစ်လမ်းက လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊  ဒေသထွက်ကုန်၊ ထုတ်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ပြင်ပသို့တင်ပို့နိုင်ရေးနှင့်     ခရီးသွားပြည်သူတို့             လမ်းကြောင်းတစ်လျှောက် စိတ်အေးချမ်းသာစွာဖြင့် ရှုခင်းများကြည့်ရှု၍ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေး မော်လမြိုင်-ထားဝယ်-ရေး    ပင်လယ်ကမ်းခြေ မီးရထားလမ်းကြောင်းနှင့်   ရန်ကုန်-မော်လမြိုင်-မြိတ်-ထားဝယ်  ကမ်းခြေရေလမ်းကြောင်း  ခရီးစဉ် များ ပြေးဆွဲနိုင်ရေးအတွက်လည်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးတွင်   ကျောက်မီးသွေး၊    သံရိုင်း၊ ထုံးကျောက်နှင့် သဲသယံဇာတများ များစွာရှိသည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သံမဏိ လုပ်ငန်း၊  ဘိလပ်မြေလုပ်ငန်းနှင့်  ဖန်ချက်လုပ်ငန်း များလုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင် နိုင်ရေး    မည်သူမဆိုဆောင်ရွက်နိုင်ရန်    ဖိတ်ခေါ် ဆောင်ရွက်ကြစေလိုကြောင်း။
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်   တိုင်းနှင့်  ပြည်နယ် အသီးသီးတွင် အားကစားကွင်းများ၊ အားကစားရုံများ နှင့်  အထောက်အကူပြုပစ္စည်းများကို  ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့်   ဒေသခံများ၏ အားကစားမြှင့်တင်ခြင်းကို ဆောင်ရွက်ပြီး မြို့နယ် အဆင့်၊ တိုင်းဒေသကြီးအဆင့်မှတစ်ဆင့် နိုင်ငံအဆင့် အထိ အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။


တနင်္သာရီတိုင်းဒေသကြီးသည်   ရေခံမြေခံ ကောင်းမွန်ပြီး နဂိုရှိရင်းစွဲ သယံဇာတအရင်းအမြစ် များ ကြွယ်ဝသည့်အတွက် အနာဂတ်မျှော်မှန်းချက် များစွာရှိသည့်  ဒေသတစ်ခုဖြစ်ကြောင်း၊ ပညာရေးကို အားပေးကြစေလိုပြီး  စနစ်ကျနသည့်  စီးပွားရေး လုပ်ငန်းများ ပေါ်ထွက်လာရေးကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးနှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ထိန်းသိမ်းကြပ်မတ်မှု၊ ဒေသခံ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို   အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့်   ပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်